skip to content

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ယူ-၁၅ အသင်းတို့သည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament သို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအဖွဲ့ချုပ်မှသိရသည်။

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် တခြားဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးတိုးတက်ကောင်းမွန်ရေး၊ လူငယ်ကစားသမားများအတွက် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရရှိစေရေးရည်ရွယ်၍ ယခုကဲ့သို့ပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိကျင်းပရန် စီစဉ်ထားသည်။

ယင်းပြိုင်ပွဲအတွက် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး တခြားပြိုင်ပွဲ၀င်အသင်းများကိုလည်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။

TZW, Crd:myawadynews

 


back to top Eng