skip to content
 
ရန်ကုန် ဇွန် (၅) ။
 
ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လေးကြိမ် မြောက်ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်Hoop Takraw (ကွင်းသွင်းခြင်းခတ်)အားကစားနည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါကွင်းသွင်းခြင်းခတ်အားကစားနည်းပြိုင်ပွဲသို့ မြန်မာအမျိုးသမီး အသင်း အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက် ကျော်ခြင်း အဖွဲ့ချုပ်မှ သိရသည်။
 
''ကျွန်တော်တို့ ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသများ နေပြည်တော်မှာ စခန်းသွင်းလေ့ကျင့်လျက်ရှိပါတယ်။ ကွင်းသွင်း ခြင်းခတ်အားကစားနည်း မပါတာ ခြောက်ကြိမ်လောက်ရှိပြီ။ အိမ်ရှင်တိုင်းက အားသာ ချက်ရှိတဲ့ ကစားနည်းထည့်သွင်းကျင်းပမှာပါ။ ကွင်းသွင်းခြင်းခတ်နည်းမှာ ရွှေတံဆိပ် ရခဲ့ဖူးပါတယ်။ အခုပြိုင်ပွဲမှာ ဆုတံဆိပ်ထပ်မံရရှိဖို့လည်း ကစားသမားများ အစွမ်းကုန် လေ့ကျင့်ကြိုး စားနေပါတယ်'' ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင် ကပြောသည်။ 
 
"ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသမီးသုံးယောက်တွဲမပါပေမယ့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇွန်၂၂ ရက်မှာ ကျင်းပမယ့် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အမျိုးသမီးသုံးယောက်တွဲ ပိုက်ကျော်ခြင်းဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။ 
 
အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအားကစားသမားများသည် အမျိုးသားနှစ်ယောက်တွဲ၊ သုံးယောက်တွဲအသင်းလိုက် အမျိုးသမီးကွင်းသွင်းခြင်းခတ် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် အာရှအဆင့် အရှေ့တောင်အာရှပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်။
 
 
#သတင်းနှင့်ဓာတ်ပုံ အာကာစိုး
 

back to top Eng