skip to content

မြိတ် ဒီဇင်ဘာ  ၂၆

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် ခရိုင်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်ကျင်းပသည့် မြိတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲ Myanmar Fitness Dance ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီ က ခရိုင်အားကစားခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြိတ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ သားဖွားသင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်းတို့မှ ဘင်ခရာတပ်ဖွဲ့နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ရက်မှ ၂၇ရက် အထိ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၂၄သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။   

 

မြ၀တီသတင်းစာ 

 


back to top Eng