skip to content
 
နေပြည်တော်၊ သြဂုတ်လ(၂၃)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့ရှိ အားကစားရုံ၊အားကစားကွင်း အသီးသီး၌ ယနေ့ ပဥ္စမနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
 
ရှေးဦးစွာ ဂျာကာတာမြို့ရှိ မြားပစ်ကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသော မြားပစ် (Recurve) အမျိုးသား  တစ်ဦးချင်း ရှုံး/ထွက်ပြိုင်ပွဲ (၃၂)ဦးအဆင့်တွင်  မြန်မာနိုင်ငံက ထိုက်လင်းဦးမှ ကာဂျစ်စတန်ကစားသမား အား (၆:၀ဝ)ဖြင့် အနိုင်ရရှိခဲ့ပြီး (၁၆)ဦးအဆင့်သို့ရောက်ရှိကာ (၁၆)ဦးအဆင့်တွင် မြန်မာနိုင်ငံက ထိုက်လင်းဦးမှ မလေးရှားကစားသမားအား(၇း၁)ဖြင့် ရှုံးနိမ့်၍လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ရှုံး/ထွက် ပြိုင်ပွဲ (၁၆)ဦးအဆင့်တွင် မြန်မာနိုင်ငံက သီတာနွယ်ဦးမှ တရုတ်ကစားသမားအား (၆းဝ)ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရပါသည်။
 
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ JSC Roneu Stadium အားကစားရုံ၌ အမျိုးသား (၂) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ရာတွင် မြန်မာအသင်း မှ ထိုုင်းအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် ရှုံးနိမ့်၍လည်းကောင်း၊ ညနေ (၂:၃ဝ)နာရီ အချိန်တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ လာအိုအသင်းကို (၂) ပွဲ (၁)ဖြင့်ရှုံးနိမ့်ခဲ့သော ကြောင့် အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရသည်။
 
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing  တွင်ကျင်းပသည့် အမျိုးသမီး နှစ်ယောက်တွဲ မီတာ(၂ဝဝဝ) အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အဆင့်(၅) ဖြင့်သာ ကျေနပ်ခဲ့ရပြီး အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု့ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
 

back to top Eng