skip to content

နေပြည်တော်၊ သြဂုတ် (၅)ရက်။

အင်ဒိုနီးရှားနိုင်ငံတွင် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအား ကစားပြိုင်ပွဲသွားရောက်ယှဉ်ပြိုင် ခဲ့မှုနှင့်ပတ်သက်၍ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ပညာရေး၀န်ကြီးဌာနမှတာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အင်ဒိုနီးရှားနိုင်ငံတွင် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲအား အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ပူးပေါင်း၍ ကစားသမားအင်အား(၃၅)ဦး၊ အုပ်ချုပ်သူ(၁၇)ဦး စုစုပေါင်း(၅၂)ဦး သွားရောက်ယှဉ်ပြိုင်ရာ ရွှေ(၁)ခု၊ ကြေး(၁)ခုသာရရှိပြီး၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲယှဉ်ပြိုင် ကစားကြသည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များ၊ ဆက်လက်ပြီး ပြိင်ပွဲယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိရန်နှင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆက်ပြီး မည်ကဲ့သို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ရမည်ကို ဝိုင်း၀န်းအကြံပြုအဖြေရှာဆွေးနွေးကြစေလိုကြောင်း၊ လာမည့် ၂၀၂၀ခုနှစ် 12th ASEAN School Games မှစပြီး ပညာရေး၀န်ကြီးဌာနမှ အဓိကတာ၀န်ယူယှဉ်ပြိုင်ရမည်ဖြစ်ပါသောကြောင့် ပညာရေး၀န်ကြီးဌာနအနေနှင့် အတွေ့အကြုံကောင်းများရရှိအောင်မြင်စွာ ပါ၀င်ယှဉ်ပြိုင်နိုင်ရေးတွင် ယခုပြိုင်ပွဲတွင်ပါ၀င်ယှဉ်ပြိုင်ခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြိုင်ပွဲတွင်ပါ၀င်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်သည့် အားကစားနည်းများအလိုက် ပါ၀င်ယှဉ်ပြိုင်မှုတွင် အားကစားနည်းပြအုပ်ချုပ်သူများ၏ ဖွဲ့စည်းပုံအခြေအနေ အားကစားနည်းအလိုက် ပါ၀င်ယှဉ်ပြိုင်ရန်  ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ  အားကစားနည်းအလိုက် ပြိုင်ပွဲပါ၀င်ယှဉ်ပြိုင်ရရှိမှု၊ အောင်မြင်မှုနှင့် စံချိန်များရရှိသည့်အဆင့်များနှင့် အခြားပြိုင်ပွဲ၀င်နိုင်ငံများ ပါ၀င်ယှဉ်ပြိုင်မှု အခြေအနေ၊ ဆုတံဆိပ်ရရှိမှုအခြေအနေများကို မိမိတို့အားကစားသမားများနှင့် ဆုရနိုင်ငံများမှ အားကစားသမားများ၏ အားကစားအဆင့်အတန်း ကြံ့ခိုင်မှုအခြေအနေ ကြိုတင်ပြင်ဆင်၍ ကွာဟချက်အခြေအနေ အားကစားနည်းတစ်ခုချင်းနည်းပြများ၏ အရည်အသွေးကွာဟမှု အခြေအနေများ ၂၀၂၁ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် တောင်းဆိုအဆိုပြုထားသည့်အခြေအနေ မဖြစ်မနေပါ၀င်ရမည့် အားကစားနည်း(၅)မျိုးဖြစ်သော ပြေးခုန်ပစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ရေကူးနှင့် စားပွဲတင်တင်းနစ် အားကစားနည်းများ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ အထွေထွေအကြံပြုဝိုင်း၀န်းဆွေးနွေးကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လာမည့်နှစ်ပါ၀င်ယှဉ်ပြိုင်မှုရရှိရန်အတွက် ပညာရေး၀န်ကြီးဌာနမှ တာ၀န်ယူယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ရှိပညာရေးအခြေအနေအရ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများကိုသာ ဆက်လက်အခြေခံပြီး အခြေခံပညာမှကျောင်းသားများနှင့် ပူးပေါင်းဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်၍ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ မဖြစ်မနေယှဉ်ပြိုင်ရမည့်အားကစားနည်း(၅)မျိုးကို ပိုမိုဂရုစိုက်လေ့ကျင့်ကြစေလိုပြီး နည်းပြများယခုထက် အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်အောင် ကြီးကြပ်မှုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပညာရေး၀န်ကြီးဌာနအနေဖြင့်  ပြိုင်ပွဲယှဉ်ပြိုင်စရိတ် ကြိုတင်သိရှိနိုင်ရေး၊ ကုန်ကျစရိတ်များကို တွက်ချက်ပေးပို့ သွားမည်ဖြစ်ပါကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်၀င်းမှ အကြံပြုပြောကြားရာတွင် ၂၀၂၀ခုနှစ်မှစပြီး ပညာရေး၀န်ကြီးမှ အဆိုပါပြိုင်ပွဲများ ဦးဆောင်ယှဉ်ပြိုင်ရမည်ဆိုသော်လည်း လက်ရှိပညာရေးအခြေအနေအရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများနှင့် ပူးပေါင်းပြီးဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောင်နှစ်များ ပါ၀င်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန် နှစ်အလိုက် ရည်မှန်းချက်ကြိုတင်ပြင်ဆင် လေ့ကျင့်ရန်လိုအပ်ပြီး အနားနီးမှလူရွေးချယ်ပြီး သွားရောက်ယှဉ်ပြိုင်ပါက အောင်မြင်မှုရရှိရန် မဖြစ်နိုင်ကြောင်း၊ အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြိုင်ပွဲများကျင်းပပြီး လူရွေးချယ်ပြီး စနစ်တကျ သက်တမ်းလိုက်ပြုစုပျိုးထောင်လေ့ကျင့်ပြီး ပါ၀င်ယှဉ်ပြိုင်ရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲများ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက်နည်းပြများ အရည်အသွေးတိုးတက်မြင့်မားရေး အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊နှစ်စဉ်ပြိုင်ပွဲ ပါ၀င်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိစေရေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တက်စွမ်းသလောက်ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၂၁ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနိုင်ရေးတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း အုပ်ကြီးများ၊ နည်းပြများ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာ၀န်ရှိသူများ ဝိုင်း၀န်းဆွေးနွေးအကြံပြုပြောကြားရာတွင် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း များရှိ လူရွေးချယ်ရေးစနစ်ပြောင်းလဲရန်အခြေအနေများ၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ရာတွင် အသင်းလိုက်ယှဉ်ပြိုင်ရမည့်အားကစားနည်းများအား အားကစားလေ့ကျင့်မှု အချိန်ကိုကြိုတင်၍များစွာရယူနိုင်ရေးအတွက် သိပ္ပွံကျောင်းတစ်ခုခြင်းစီတွင် အားကစားနည်းအလိုက်စုစည်းလေ့ကျင့်နိုင်ရေးနှင့် မြန်မာ့အားကစားဖွံ့ဖြိုးတက်ရေးတွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် ပြိုင်ပွဲများသွားရောက်ယှဉ် ပြိုင်ခဲ့ရာတွင် အခြားပြိုင်ပွဲ၀င်နည်းပြ၊ အုပ်ချုပ်သူများ ဆွေးနွေးရရှိသည့် အတွေ့အကြုံကောင်းများအား အစီရင်ခံစာထည့်သွင်းရေးသားတင်ပြရန်လိုအပ်ကြောင်း၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများ တွင်လူရွေးချယ်မှုလုပ်ငန်းစဉ်စနစ်အားပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)၊ မြို့နယ်အားကစားမှုးများ၊ မြို့နယ်ပညာရေးမှုးများ၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးတွင် အောက်ခြေ၌ ယခုထက်စနစ်ကျ သိပ္ပံနည်းကျလက်တွေ့ကျသော ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ASEAN School Games/ ASEAN University Games/ Sea Games ပြိုင်ပွဲများ အဆင့်ဆင့်၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နှစ်စဉ်(Plan) ချမှတ်ရည်မှန်းချက်ထား လေ့ကျင့်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျတ်အပေါ်မူတည်၍ သိပ္ပံကျောင်းသား/ကျောင်းသူများနှင့် လက်ရွေးစင် အားကစားသမားများအား အားကစားနည်းအလိုက်သိပ္ပံနည်းကျကျ အာဟာရကျွေးမွေးရန်လိုအပ်ကြောင်း၊ အရည်အသွေးရှိသော လူငယ်အားကစားသမားများကိုရရှိရန် သက်တမ်းအလိုက်မြို့နယ် အားကစားပြိုင်ပွဲများကျင်းပပေးရန်လိုအပ်ကြောင်း နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် အားကစားကွင်းရုံများအား တည်ဆောက်ရန်လိုအပ်ပါကြောင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 


back to top Eng