skip to content

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၊ TWITTER Myanmar စက်ဘီးကုမ္ပဏီနှင့် CAS(Cycling Association Of Sagaing)တို့ပူးပေါင်း၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပျော်တမ်းဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်မှ သိရသည်။

၎င်းစက်ဘီးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စစ်ကိုင်းမြို့ ရွှေမင်းဝံပန်းခြံမှ စတင်တာလွှတ်ပြီး မန္တလေး-မုံရွာ-ရွှေဘို အဝေးပြေးလမ်းအတိုင်း ထိုမှတစ်ဆင့် စကျင်ကျေးရွာ ခရိုင်ချင်းဆက်လမ်း၊ ဆက်လက်၍ စကျင်ကျေးရွာမှ ပတ္တမြားစေတီတွင် ပြန်လည်ပန်း၀င်မည်ဖြစ်ကြောင်းသိရသည်။

 အပျော်တမ်းဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် အသက် ၂၅ ပြိုင်ပွဲ၊ အသက် ၂၅-၄၀ ပြိုင်ပွဲ၊ အသက် ၄၀+ ပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်မရှိ ပါ၀င်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

စက်ဘီးပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဖုန်း-၀၉၂၅၀၂၀၅၆၅၁(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၊ ၀၉-၇၉၉၅၀၈၈၈၇(CAS-Sagaing)၊ ၀၉-၉၇၂၃၉၈၈၈၈(Twitter Myanmar-Mandalay)နှင့် ၀၉-၃၃၃၀၈၀၀၈(Giant Myanmar-Yangon)သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

Crd: ဇော်မျိုး(နေပြည်တော်)၊ မြ၀တီသတင်းစာ

 


back to top Eng