skip to content
 
 
 
ရန်ကုန်၊ မတ်လ(၁၇ )ရက်။
 
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်သည် ၂ဝ၁၉ခုနှစ် မတ်လ(၂၁) ရက်နေ့မှ (၂၆)ရက်နေ့အထိ (အိန္ဒိယနိုင်ငံ)တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလွတ်တန်းကနူးတာတိုလှေလှော်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ/နည်းပြ (၁)ဦးနှင့် အားကစားသမား(၂) ဦးတို့အားလည်းကောင်း၊ မတ်လ(၂၅)ရက်နေ့မှ (၃ဝ)ရက်နေ့ အထိ မလေးရှားနိုင်ငံတွင် ကျင်းပမည့် ပထမအကြိမ် အားကစားသမားဟောင်းများ ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦးနှင့် အားကစားသမား(၁၁)ဦးတို့အားလည်းကောင်း၊ မတ်လ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် 81st Singapore Open Track & Field Championship-2019  ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ(၁)ဦး၊ နည်းပြချုပ်(၁)ဦး၊ နည်းပြ(၁)ဦးနှင့်အားကစားသမား (၁၁)ဦးတို့အားလည်းကောင်း၊ ယနေ့ နေ့လည် (၁)နာရီက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ(ပတ္တမြား)ခန်းမ၌ တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။
 
 
အစီအစဉ်အရ သွားရောက်ယှဉ်ပြိုင်မည့် ကနူးလှေအဖွဲ့၊ ဘတ်စကက်ဘောအဖွဲ့၊ ပြေးခုန်ပစ်အဖွဲ့များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကာ အားကစားနည်းအလိုက် အဖွဲ့ချုပ် တာဝန်ခံများက မိမိတို့သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများ ပြိုင်ပွဲမဝင်မီ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြိုတင်ပြင်ဆင် ထားရှိမှုများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ မြန်မာအားကစားအသင်းများ ပြည်ပနိုင်ငံများ သွားရောက်ယှဉ်ပြိုင်ရာတွင် အားကစားသမားများ၏ သွားလာ၊ နေထိုင်၊ စားသောက်ရေးကအစ အထူးဂရုစိုက်ဖို့လိုအပ်ပြီး၊ ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်း မိမိတို့ရရှိထားသည့် စံချိန်များထက် နိမ့်မကျစေဘဲ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ဖို့လိုပါကြောင်း၊ အားကစားဝတ်စုံမှအစ ပြိုင်ပွဲဝင်အားကစားအသုံးအဆောင်ပစ္စည်းများကို အရည်အသွေးကောင်းမွန်သည့် Equipment များဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားPlan များကို အသေးစိတ်ရေးဆွဲနေပြီး၊ မကြာခင် အဖွဲ့ချုပ်တစ်ခုချင်းစီအား တွေ့ဆုံမှာဖြစ်တဲ့အတွက်ကြောင့် အဖွဲ့ချုပ်များအနေဖြင့်အားကစားနည်းအလိုက် Plan များကြိုတင်ပြင်ဆင်ထားရှိဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ လက်ရွေးစင်အားကစားသမားတစ်ယောက်ဖြစ်လာပြီဆိုရင်၊ မိမိခန္ဓာကိုယ်ကို အကောင်းဆုံး အနေအထားမှာရှိရမည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်မှ ဝိတ်ချတာမျိုးမလုပ်သင့်ပါကြောင်း၊ ပြိုင်ပွဲကြိုတင်ပြင်ဆင်လေ့ကျင့်ထားပြီးဖြစ်တဲ့အတွက် ပြိုင်ပွဲမဝင်မှီနှင့် ပြိုင်ပွဲဝင်ရောက်နေစဉ်အတွင်း လုံလောက်တဲ့ Warming up လုပ်ထားဖို့လိုအပ်ပါကြောင်း၊Warming up မပြည့်ဝလို့ ရှုံးသွားတာမျိုးမဖြစ်စေချင်ပါကြောင်း၊ အားကစားသမားတိုင်းဟာ ပြိုင်ပွဲကာလအတွင်း အမြဲတန်း တက်ကြွနိုးကြားနေပြီး၊ နေထိုင်/စားသောက်တာကအစ အလွန်အရေးကြီးပါတယ်၊ ဒါတွေကိုသိအောင် နည်းပြများက အသေးစိတ် ပြောထားဖို့လိုအပ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲဖြစ်သည့်အတွက် တိုးတက်နေသည့်လေ့ကျင့်ရေးကောင်းများ၊ နည်းစနစ်ကောင်းများကို လေ့လာမှတ်သားပြီး Report ပြန်လည်တင်ပြဖို့လိုအပ်ပါကြောင်းဖြင့် အသေးစိတ်လမ်းညွှန်မှာကြားခဲ့သည်။
 

back to top Eng