skip to content
 
ရန်ကုန် ဒီဇင်ဘာ (၂ဝ)
 
၂ဝ၁၈-၂ဝ၁၉ ရာသီအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃)ကို ဒီဇင်ဘာ (၁၈) ရက်မှ (၂ဝ) ရက်အထိ ကျင်းပလျက်ရှိပြီး လက်ရှိ ချန်ပီယံ မြဝတီ၊ ဂန်ဓမာအသင်းတို့ အနိုင် ရခဲ့ပြီး အား/ကာသိပ္ပံနှင့် သစ်စာအားမာန် အသင်းတို့ သရေကျခဲ့သည်။
 
ပွဲစဉ် (၃)တွင် မြဝတီအသင်းက ဇွဲကပင်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂန်ဓမာ အသင်းက တက်ကသိုလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အား/ကာသိပ္ပံ နှင့် သစ်စာအားမာန်အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။ ရာသီအစ နှစ်ပွဲဆက် တိုက် အနိုင်ရထားခဲ့သည့် အား/ကာ သိပ္ပံနှင့် သစ်စာအားမာန်အသင်းတို့ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး အား/ကာသိပ္ပံ အသင်းသည် နှစ်ဂိုးပြတ်အနိုင်ရပြီးမှ သရေကျခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံ အသင်းအတွက် ဂိုးများကို ၁၆ မိနစ်တွင် ခင်မာလာထွန်း၊ ၃၃ မိနစ်တွင် ရီရီဦးတို့က သွင်းယူပြီး သစ်စာအားမာန်အသင်း အတွက် ချေပဂိုးများကို ၄၂ မိနစ်တွင် နော်အားလိုဝါးဖော၊ မိနစ် ၇ဝ တွင် နီလာဝင်းတို့က သွင်းယူခဲ့သည်။ ရှုံးပွဲ ဆက်နေသည့် ဂန္ဓမာအသင်းသည် တက္ကသိုလ်အသင်းကို အနိုင်ရခဲ့ပြီး ပထမ ဆုံးနိုင်ပွဲရရှိခဲ့သည်။ ဂန္ဓမာအသင်း အတွက် အနိုင်ဂိုးများကို ၄၃ မိနစ်တွင် ခင်ဇာဇာဝင်း၊ ၆၄ မိနစ်တွင် လာအဲဝါ တို့က သွင်းယူခဲ့သည်။ လက်ရှိချန်ပီယံ မြဝတီအသင်းသည် သုံးပွဲဆက် အနိုင်ရခဲ့ သော်လည်း ကျဉ်မြောင်းသည့်ရလဒ်ဖြင့် သာ ဇွဲကပင်အသင်းကို အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးကို ၁၈ မိနစ်တွင် ပန်းအိခိုင်က သွင်းယူခဲ့သည်။
 
ပွဲစဉ်(၃) နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂၁ ရက် (ယနေ့)တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး YREO အသင်းနှင့် အား/ ကာ ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 

back to top Eng