skip to content

ရန်ကုန် ၃၀ ဒီဇင်ဘာ

မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၂၀ ပြည့် အမျိုးသားတံခွန်စိုက် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဖေဖေါ်ဝါရီ ၉ ရက်တွင် အင်းစိန်မြို့နယ်မင်းဓမ္မလမ်း MCC ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားအသက်၂၀နှစ်အောက် ၆၀၊ ၇၀နှင့်၈၀ကီလိုတန်း ကာယဗလပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊ Fitness Physique ပြိုင်ပွဲများနှင့် အမျိုးသား Sports Physique ပြိုင်ပွဲ၊ အမျိုးသမီး Model Physique ပြိုင်ပွဲများအပါအ၀င် ပြိုင်ပွဲအတန်း ၁၀ တန်း ထည့်သွင်းကျင်းပမည်‌ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသို့ မည်သူမဆိုပါ၀င်ယှဉ်ပြိုင်ခွင့်ရှိပြီး ပါ၀င်ယှဉ်ပြိုင်လိုသူများသည် ဖေဖော်ဝါရီ ၅ ရက်‌နောက်ဆုံးထား၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြို့တော်စည်ပင်အားကစားစခန်း၀င်းရှိ အဖွဲ့ချုပ်ရုံးဖုန်း ၀၉၅၀၀၈၁၆၈ သို့ ဆက်သွယ်စာရင်းပေးသွင်နိုင်ကြောင်း သိရသည်။ 

 

အေကေလင်း


back to top Eng