skip to content

 

ရန်ကုန် ဇန်နဝါရီ ၈။

ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်မှ ပဏာမလက်ရွေးစင်အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ စာရင်းပေးသွင်းနိုင် အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပထမအကြိမ်ပဏာမလူရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်လူရွေးချယ်ပွဲကို မတ်၂၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများသည် ဖေဖော်ဝါရီ ၈ ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ် ဖုန်း ဝ၉-၂၅ဝ၆၅၇၆၅၇ သို့ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ မြန်မာအလင်းသတင်းစာမှ ကောက်နှုတ်တင်ပြသည်။


back to top Eng