ရှမ်းပြည်နယ် မေလ ၂၂ ရက်။
ယနေ့ ၂၂-၅-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(25)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးႂကွယ်ႂကွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဒုတိယၫှှန်ကြားရေးမှူးချုပ် ဦကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ရှမ်းပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ခရိုင်လက်ထောက်ၫှှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အားကစားသမားများ ၊ ဘော်လီဘောအားကစားနည်း စိတ်ပါဝင်စားကြသော မိဘပြည်သူအားကစားဝါသနာရှင်များမှ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးမှ ရှမ်းရိုးရာအကအဖွဲ့များနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြု ချီးမြႇင့်ငွေများ ပေးအပ်ခဲ့ပါသည်။