skip to content
 
ရန်ကုန်၊ နိုဝင်ဘာလ(  ၁   )ရက်။
 
ဥဇဘက်ကစ္စတန်နိုင်ငံ၌ အောက်တိုဘာ(၂၄)ရက် က ကျင်းပခဲ့သည့် 2018 Asian Junior & U-23 Canoeing  Spirit  Championship ပြိုင်ပွဲတွင်မြန်မာမှ မျိုးလှိုင်ဝင်းက ကနူး(၁)ယောက်လှော်မီတာ(၅ဝဝ)ပြိုင်ပွဲတွင် ထိုင်း၊ အီရန်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်  တို့ကိုဖြတ်ကျော်ပြီး ဒုတိယဆုရရှိခဲ့သည်။
 
 
ပြိုင်ပွဲတွင် နိုင်ငံပေါင်း(၁၆)နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ဥဇဘက်ကစ္စတန်က ပထမ၊ မြန်မာမှ ဒုတိယ၊ ကာဇက်စတန်က တတိယ၊ ထိုင်းက စတုတ္ထ၊ အီရန်က ပဥ္စမ တာဂျစ်ကစ္စတန် က ဆဌမအသီးသီးရရှိခဲ့ပြီး နည်းပြဆရာတပ်ကြပ်ကြီး သူရဟန်ဦးဆောင်သော  မြန်မာကနူးအဖွဲ့သည် အမျိုးသားကစားသမားမျိုးလှိုင်ဝင်းနှင့် အမျိုးသမီးကစားသမား ခိုင်ခိုင်ထွန်းထွေးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မျိုးလှိုင်ဝင်းက ဆုရခဲ့ခြင်းဖြစ်သည်။
 
အဆိုပါမြန်မာကနူးလှေလှော်အားကစားအဖွဲ့သည် ယနေ့နံနက် (၁ဝ)နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ပြန်လည်ရောက်ရှိရာ   မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်  ဒုတိယဥက္ကဌ
ဦးမျိုးဆွေသိမ်း  ၊ အတွင်းရေးမှူးနှင့်အမှုဆောင်များ ၊ အားကစားသမားများနှင့် မိဘဆွေမျိုးများကသောင်းသောင်းဖျဖျကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။
 

back to top Eng