skip to content

ရန်ကုန်၊ နို၀င်ဘာလ(၂၁)ရက်။      

 မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက၊ အာရှမြားပစ် အဖွဲ့ချုပ်ကောင်စီ၀င် ၊ အရှေ့တောင် အာရှ မြားပစ်အဖွဲ့ချုပ် ရာသက်ပန်ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌဒေါက်တာခင်ရွှေ၊  မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇေသီဟနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် အာရှမြားပစ်အဖွဲ့ချုပ် ကောင်စီအစည်းအဝေးနှင့် အာရှမြားပစ် အဖွဲ့ချုပ် ကွန်ကရက်သို့ တက်ရောက်ရန်နှင့် နို၀င်ဘာလ(၂၁) ရက်နေ့မှ နို၀င်ဘာလ(၂၉)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် Asian Archery  Championships and CQT 2020 Tokyo  Olympic မြားပစ်ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် နည်းပြအဖြစ် ရဲမှူး သီသီ၀င်း၊ အားကစားသမားများအဖြစ် စိုင်းခွန်းဆက်နှင့် စန္ဒာဦးတို့အပါအဝင် ပါ၀င်ယှဉ်ပြိုင်ကြမည့် မြန်မာမြားပစ်အသင်းအား အားပေးကြည့်ရှုရန် ယမန်နေ့ည (၇)နာရီခွဲအချိန်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
 


back to top Eng