skip to content
 
ရန်ကုန်၊ မေလ(၁၄)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူးများသည် ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံမြားပစ်ကွင်း မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ ရောက်ရှိရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦး နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟတို့က အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲနှင့် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြားပစ် လက်ရွေးစင် အားကစားသမား (၃၂)ဦးတိုင်းဒေသကြီးနှင့်ပြည်နယ်မှ ရွေးချယ်ထားသည့် မြားပစ်အားကစား သမား(၂၁)ဦးတို့ အား မိတ်ဆက်ပေးပြီး အားကစားသမားများယှဉ်ပြိုင်လေ့ကျင့်နေမှုများအား ကြည့်ရှုအား ပေးပြီး   အမျိုးသား/အမျိုးသမီး အိပ်ဆောင်များ၊  အိမ်သာရေချိုးခန်းများ၊ ထမင်းစားဆောင်များ၊ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားပေးခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့်ကာယညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌နံနက်(၁ဝ)နာရီက မေလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် အာရှတိုက်ကွမ်ဒိုပြိုင်ပွဲနှင့် (၅)ကြိမ်မြောက် အာရှတိုက်ကွမ်ဒိုကကွက်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာတိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် မေလ(၂၅)ရက်မှ (၃၁)ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ှုူနဠြှုနွှဏဥွှှ ဗြြု ဃ့ဏဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘော်လီဘောအားကစားအဖွဲ့ဝင်များ တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
 
ရှေးဦးစွာ ပြည်ပသို့ သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပြီး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်ဝင်း နှင့်  မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်အမှုဆောင် ဦးမျိုးဝဏ္ဏထွန်း တို့က ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ 
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းñွှန်အမှာစကား ပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွစွာ နိုင်လိုစိတ်အပြည့်ဖြင့် မိမိတို့၏ အားကစားနည်းပုံရိပ်ကို မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြများအနေဖြင့်မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ဘက်နိုင်ငံအသင်း၏ အခြေအနေကို လေ့လာ၍ ကြိုတင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစား စိတ်ဓါတ်ဆိုသည်မှာ မနိုင် နိုင်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ထားရှိရန် လိုအပ်ပါကြောင်း၊ စည်း/စနစ်ကျရန်လိုအပ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့နှင့် မိမိယှဉ်ပြိုင်သော အားကစားနည်းအပေါ်တိကျခိုင်မာသော စိတ်ဓါတ်များ၊ ခံယူချက်များရှိရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ် သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် မျိုးဆက်သစ် လူငယ်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားရှိရန် လိုအပ်ကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ပြီးချိန်တွင် မိမိတိုအားကစားအဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင် ကြိုးစား သွားကြရန် လိုအပ်ပါကြောင်းသိရှိရသည်။
 

back to top Eng