skip to content

အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၁၃.၇.၂၀၁၇) ရက်နေ့၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကြော်ငြာခေါ်ယူထားသော လစ်လပ်ရာထူးနေရာများ၌ ခန့်ထားရန်အတွက် နည်းပြ(နည်းစနစ်) ရာထူးလျှောက်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား (၁၆.၉.၂၀၁၇) ရက်နေ့နှင့် (၁၇.၉.၂၀၁၇) ရက်နေ့တွင် အဓိက အားကစားနှင့်ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်း၊ ရာထူးနေရာအားလုံးအတွက် သတ်မှတ်ချက် နှင့်ကိုက်ညီသည့် လျှောက်လွှာရှင်များအား (၁၈.၉.၂၀၁၇) ရက်နေ့မှ (၂၀.၉.၂၀၁၇) ရက်နေ့အထိ လူတွေ့စစ်ဆေးခြင်းများပြုလုပ်မည်ဖြစ်ပါသဖြင့် စစ်ဆေးခံရန်အတွက် (၁၄.၉.၂၀၁၇) ရက်နေ့နှင့် (၁၅.၉.၂၀၁၇) ရက်နေ့တွင် ရုံးအမှတ် (၃၁)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နေပြည်တော်သို့ လူကိုယ်တိုင်သတင်းပို့ရမည်ဖြစ်ပါသည်။

သတ်မှတ်ချက်နှင့်ကိုက်ညီပြီး လူတွေ့ဖြေဆိုခွင့်ရရှိသည့် လျှောက်လွှာရှင်များ စာရင်းအား သတင်းစာတွင် ကြော်ငြာသည့်နေ့မှစ၍ www.spedmyanmar.com website၊ အားကစားကိုချစ်မြတ်နိုးသူများ Facebook Account နှင့် Sports & Physical Education Department Facebook Page တွင်လည်းကောင်း ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။ လျှောက်လွှာရှင်တစ်ဦးချင်းစီအား ဆွက်သွယ်အကြောင်းကြား ပေးမည်မဟုတ်ပါ။ အသေးစိတ်ထပ်မံသိရှိလိုပါက အားကစားနှင့်ကာယပညာဦးစီးဌာန၊ နေပြည်တော် ၀၆၇-၄၀၆၀၂၁၊ ၀၆၇-၄၀၆၂၀၃ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 


back to top Eng