skip to content

ရန်ကုန်၊ ဒီဇင်ဘာလ(၁၂)ရက်။        

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားအဖွဲ့မှ ရွှေတံဆိပ်(၂)ခုရရှိခဲ့သော ဘုန်းမြင့်ကျော်၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမင်းနိုင်နှင့် အမှုဆောင်များ၊  အားကစားသမားများသည် ယမန်နေ့ညတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်မိုး၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်းသား/သင်တန်းသူများ၊ မိဘဆွေမျိုးများ က သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
 

 


back to top Eng