skip to content
 
မန္တလေး၊ ဒီဇင်ဘာ (၂၆)
 
မန္တလေး အောင်မြေသာစံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အမျိုးသား အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲများကို ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက အောင်မြေမန္တလာ အားကစားခန်းမ၌ ကျင်းပရာ အမျိုးသား အသက် ၁၃ နှစ်အောက်နှင့် အလွတ်တန်း နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ လူသစ်တန်းနှစ်ယောက် တွဲပြိုင်ပွဲနှင့် အကြီးတန်းနှစ်ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အဆိုပါ ပြိုင်ပွဲသို့ မန်တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီဥက္ကဌ ဦးမျိုးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
 
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အသက် ၁၃ နှစ် အောက်တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အလတ်တန်းနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိသူများကို ကြက်တောင် ဆပ်ကော်မတီဒုတိယဥက်ကြ ဦးမောင်မောင်လွင်၊ ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က တစ်ဦးချင်း ဆုများနှင့် ဆုဖလားများ ချီးမြှင့်ပေးအပ်ကြသည်။ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် လူသစ်တန်းနှစ်ယောက်တွဲ ပြိုင်ပွဲ၊ အကြီးတန်းနှစ်ယောက်တွဲပြိုင်ပွဲ နှင့် အသက်၄၅ နှစ်အထက် နှစ်ယောက် တွဲပြိုင်ပွဲတို့တွင် ဆုရရှိသူများကို တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ ကြက်တောင်ဥက္ကဌ ဦးမျိုး ကျော်ဝင်းနှင့် တာဝန်ရှိသူတို့က တစ်ဦး ချင်း ဆုတံဆိပ်နှင့်ဆုဖလားများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 
 
မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်

back to top Eng