Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၁၄)ကြိမ်မြောက်ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲနောက်ဆုံးနေ့ပွဲစဉ်များ၌ မြန်မာအသင်း ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ
နေပြည်တော်၊သြဂုတ်(၂၅)ရက်။
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင်ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များအဖြစ် မီတာ ၅၀၀ ပွဲစဉ်များကို ဆက်လက် ကျင်းပခဲ့ရာ ပွဲစဉ်(၃)မျိုးတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့သော မြန်မာလက်ရွေးစင်လှေအသင်းသည် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပါသည်။
မြန်မာအသင်းသည် ယနေ့ကျင်းပသော မီတာ ၅၀၀ ပွဲစဉ်များအနက် ဏမနာငနမ ပွဲစဉ်၊ အသက် (၂၄)နှစ်အောက် အမျိုးသမီးပွဲစဉ်နှင့် အသက်(၂၄)နှစ်အောက် အိုးပင်းပွဲစဉ် (၃)မျိုးတို့တွင် ပါ၀င်ယှဉ်ပြိုင် ခဲ့ရာ ပွဲစဉ်(၂)မျိုး၌ ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယူ(၂၄)အမျိုးသမီးအသင်းက ရွှေတံဆိပ်ဆုကို ရယူပေးခဲ့ခြင်းဖြစ်သည်။ယခုရွှေတံဆိပ်သည် မြန်မာအသင်းအတွက်(၄)ခုမြောက် ရွှေတံဆိပ်ဖြစ်ပြီး ယူ (၂၄)အမျိုးသမီးအသင်း ရယူပေးခဲ့သော တတိယမြောက်ရွှေတံဆိပ်လည်းဖြစ်သည်။
ဒေသစံတော်ချိန် နံနက်(၁၁)နာရီ (၁၀)မိနစ်တွင်ကျင်းပသော အသက်(၂၄)နှစ်အောက် အမျိုးသ မီး မီတာ ၅၀၀ ပြိုင်ပွဲ၏ ပထမအကြိမ်ပွဲစဉ်၌ မြန်မာယူ(၂၄)အမျိုးသမီးအသင်းသည် စံချိန်(၀၂မိနစ် ၂၄ဒသမ ၇၅၇စက္ကန့်)ဖြင့် အိမ်ရှင်ထိုင်းအသင်း၊ အမေရိကန်အသင်းနှင့် သြစတေးလျအသင်းများကို ဖြတ် ကျော်ကာ ပထမနေရာမှ ပန်း၀င်နိုင်ခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ(၁)နာရီ (၃၅)မိနစ်တွင် ဆက်လက်ယှဉ် ပြိုင်ရသော ဒုတိယအကြိမ်ပွဲစဉ်၌ စံချိန်(၀၂မိနစ် ၂၄ဒသမ ၀၄၉စက္ကန့်)ဖြင့် ပန်း၀င်နိ်ုင်ခဲ့သဖြင့် ပထမရွှေ တံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယငွေတံဆိပ်ဆုကို မြန်မာ့လက်ရွေးစင် ယူ(၂၄) အမျိုးသားအသင်းက ရယူပေးခဲ့ခြင်းဖြစ် သည်။ဒေသစံတော်ချိန် နံနက်(၁၁)နာရီ (၂၅)မိနစ်တွင် ကျငး်ပသော ယူ(၂၄) အိုးပင်းပွဲစင်၌ မြန်မာယူ (၂၄)အမျိုးသားအသင်းသည် ပထမအကြိမ်ပွဲစဉ်၌ စံချိန်(၀၂မိနစ် ၁၀ဒသမ ၅၈၁စက္ကန့်)ဖြင့် ဒုတိယနေ ရာမှ ပန်း၀င်နိ်ုင်ခဲ့ပြီး အိမ်ရှင်ထိုင်းအသင်းက စံချိန်(၀၂မိနစ် ၈ဒသမ ၉၉၀စက္ကန့်)ဖြင့် ပထမနေရာမှ ပန်း၀င်နိုင်ခဲ့သည်။ ဒေသစံတော်ချိန် မွန်းလွဲ(၁)နာရီ (၅၀)မိနစ်တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပွဲစဉ်၌ မြန်မာယူ(၂၄)အမျိုးသားအသင်းသည် စံချိန်(၀၂မိနစ် ၁၀ဒသမ ၃၄၇စက္ကန့်)ဖြင့် ဒုတိယနေရာမှ ပန်း၀င်နိုင်ခဲ့သည့်အတွက် ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ယင်းပွဲစဉ်၌ အိမ်ရှင်ထိုင်းအသင်း က ပထမ၊ တရုတ်(ဟောင်ကောင်)အသင်းမှ တတိယ ရရှိခဲ့သည်။
ဏမနာငနမ အိုးပင်းပွဲစဉ်၏ နောက်ဆုံးဗိုလ်လုပွဲကို ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီ (၁၅)မိနစ် တွင် ကျင်းပရာ မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်း၊ အင်ဒိုနီးရှားအသင်း၊ တရုတ်အသင်း၊ တရုတ် (တိုင်ပေ)အသင်း၊ ယူကရိန်းအသင်းများဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး စံချိန်(၀၂မိနစ် ၀၇ဒသမ ၁၈၃စက္ကန့်)ဖြင့် ဆဌမ နေရာမှသာပန်း၀င်နိုင်ခဲ့သည့်အတွက်ဆုတံဆိပ် လက်လွှတ်ခဲ့ရသည်။ယခုပွဲစဉ်၌ ပထမ တရုတ် အသင်း၊ ဒုတိယ အင်ဒိုနီးရှားအသင်း၊ တတိယ တရုတ်(တိုင်ပေ)အသင်းတို့က ရရှိခဲ့ကြသည်။
မြန််မာလက်ရွေးစင်လှေအသင်းသည် ပြိုင်ပွဲပထမနေ့ဖြစ်သည့် သြဂုတ်လ(၂၁)ရက်နေ့မှ နောက် ဆုံးနေ့ဖြစ်သည့် သြဂုတ်လ(၂၅)ရက်နေ့အထိ ပြိုင်ပွဲရက်(၅)ရက်စလုံး နေ့စဉ်ဆုတံဆိပ်များ ရရှိခဲ့ပြီး စုစုပေါင်း ပွဲစဉ်(၁၅)မျိုး၌ ပါ၀င်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်(၁၃)မျိုး၌ ဆု(၁၃)မျိုးရရှိခဲ့ကာ ပွဲစင်(၂)မျိုး၌သာ ဆုတံဆိပ်လက်လွှတ်ခဲ့ရသည်။ ယင်းဆုတံဆိပ်များမှာ ရွှေတံဆိပ်ဆု(၄)ဆု၊ ငွေတံဆိပ်ဆု(၄)ဆု၊ ကြေးတံဆိပ်ဆု(၅)ဆု တို့ဖြစ်သည်။
မြန်မာ့လက်ရွေးစင်လှေလှော်အသင်းသည် သြဂုတ်လ(၂၆)ရက် ယနေ့ မြန်မာစံတော်ချိန် နံနက် (၁၁)နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
14 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display