skip to content
 
ရန်ကုန်၊ နိုဝင်ဘာလ( ၁၁  )ရက်။
 
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဖလား (၆)ပေါက်တန်း အမျိုးသားအလွတ်တန်းဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့နေ့လည်(၁)နာရီ က ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံလေလုံ) အားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
 
ဗိုလ်လုပွဲအဖြစ် အမျိုးသားအလွတ်တန်း(၆)ပေါက်တန်းဝိုင်းဖွဲ့ခြင်းလုံးခတ်ဗိုလ်လုပြိုင် ပွဲတွင်  2TWO (A) ကျောက်မြောင်းအသင်းက မြင်းခြံအသင်းကို ရမှတ် (၁၁၇၇)မှတ်/ (၁၁၄၅)မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး၊ မြင်းခြံအသင်းက ဒုတိယ၊  လူငယ်အားမာန်အသင်းက (၁ဝ၆၉)မှတ်ဖြင့် တတိယနှင့် တပ်မတော် (လေ)အသင်းက (၇ဝဝ)မှတ်ဖြင့် စတုတ္ထအသီးသီး အနိုင်ရရှိကြသည်။၏
 
 
 
ဆက်လက်ပြီး ဆုပေးပွဲများကို ကျင်းပရာ အမျိုးသားအလွတ်တန်း(၆)ပေါက်တန်း ဝိုင်းဖွဲ့ပြိုင်ပွဲ၌ အထူးဆုရရှိသော ကယားပြည်နယ်အသင်းအား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးရဲအောင်မှလည်းကောင်း၊ စတုတ္ထဆုရ မျိုးဆက်သစ်တပ်မတော်(လေ)အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၃)သိန်းအား အဖွဲ့ချုပ်အမှုဆောင်ဦးမျိုးသန့် မှ လည်းကောင်း၊ တတိယဆုရ လူငယ်အားမာန်အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် တစ်ဦးချင်းဆုများကို အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးစိုးအောင်မှ လည်းကောင်း၊ ဒုတိယဆုရ မြင်းခြံအသင်းအား ဂုဏ်ပြုဆုငွေကျပ် (၇)သိန်းနှင့် တစ်ဦးချင်းဆုများကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌ ဦးကျော်ကျော်မှလည်းကောင်း၊ ပထမဆုရ 2TWO (A) ကျောက်မြောင်းအသင်းအား တစ်ဦးချင်းဆုများကို ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဌ ဦးထွန်းဝင်းမှ လည်းကောင်းအသီးသီးချီးမြှင့်ပေးခဲ့သည်။
 
ဆက်လက်ပြီး (၁၄)ကြိမ်မြောက်အဖွဲ့ချုပ်ဥက္ကဌဖလား (၆)ပေါက်တန်းအမျိုးသား အလွတ်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲတွင် ၂ဝ၁၈ခုနှစ်အတွက်ပထမတံခွန်စိုက်ဒိုင်းဆုရ 2TWO (A) ကျောက်မြောင်းအသင်း အား မြန်မာနိုင်ငံပိုက်ကျော်ခြင်းနှင့်ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင် မှ တံခွန်စိုက်ဒိုင်းဆုအား ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။

back to top Eng