Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊ မေလ(၃)ရက်။
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ရန်ကုန်မြို့၌လက်ခံကျင်းပမည့် ၂ဝ၁၉ခုနှစ်၊ (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ
(16
th
South East Asia Bodybuilding and Physique Sports Championships)
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လယ်(၁)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီနှင့် အမှုဆောင်များ၊ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အိမ်ရှင်အဖြစ်လက်ခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ရှိအေးချမ်းသာယာတိုးတက်မြင့်မားနေမှုကို နိုင်ငံတကာမှသိရှိလာစေရန်၊ ကာယဗလနှင့်ကာယ ကြံ့ခိုင်မှုအားကစားနည်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေပြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်တင်နိုင်ရန်၊ ထူးချွန်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့်ယခုလိုကြိုတင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများ ထိခိုက်မှုပေါ်ပေါက်လာပါက ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု၊ နိုင်ငံအချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ရေး၊ ပြိုင်ပွဲနှင့်ပတ်သက်၍ အများပြည်သူများသိရှိ ကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးကိစ္စများ၊ ပြိုင်ပွဲကျင်းပနေစဉ် လျှပ်စစ်မီးမပြတ်တောက်စေရေး၊ ပြိုင်ပွဲဝင်များ
Visa
ကိစ္စ အချိန်မီအဆင်ပြေစေရေး ပြိုင်ပွဲပစ္စည်းများယူဆောင်လာမှုအတွက် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေစေရေး၊ ပြိုင်ပွဲတွင်တာဝန်ထမ်းဆောင်မည့်
Liaison Officer
အဆင်ပြေ ဆက်ဆံအသုံးပြု နိုင်ရေးစသည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီးမြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီနှင့်အတွင်းရေးမှူးတို့မှ ပြိုင်ပွဲကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြကြပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက အထွေထွေ ဆွေးနွေးချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့်လုပ်ငန်းကိစ္စရပ်များကို လစ်ဟင်းမှုမရှိစေဘဲ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲအစမှ ပြိုင်ပွဲဆုံးသည့်တိုင် လုံခြုံရေးတာဝန်များကို အထူးဂရုစိုက်၍ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
(၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မေလ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊မင်းဓမ္မလမ်းရှိ
MCC
ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ (၂၂)မျိုးနှင့် ၂ဝ၁၉ခုနှစ် အရှေ့တောင်အာရှ ကာယဗလမောင် တံခွန်စိုက်ဆု
(Mr. South East Asia 2019)
တို့ကို ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်အသင်းများမှာ အိမ်ရှင်မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း နိုင်ငံပေါင်း(၁ဝ)နိုင်ငံမှ အုပ်ချုပ်/နည်းပြ/ဒိုင်(၅၃)ဦးနှင့် အားကစားသမားပေါင်း(၁ဝ၉)ဦး စုစုပေါင်း(၁၆၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
7 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display