Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစတင်ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ(၁)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စု ပွဲစဉ်ပြိုင်ပွဲများကို ယနေ့နံနက်(၈း၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဆိုင်ရာကော်မတီမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် အားကစားနှင့် ကာယပညာဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားရာ တွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ဖူဆယ်အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပိုမိုအောင်မြင်မှုရရှိခြင်းနှင့် လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏လက်ရွေးစင်အသင်းများအား နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ထက်မြက်သောသွေးသစ် ဖူဆယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းဟာ အခြားအားကစားနည်းတွေလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျပဲ သွက်လက်ဖျတ်လက်မှု၊ ခံနိုင်ရည်နှင့် သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုုင်းကျွမ်းကျင်တို့ကို အဓိကထားရသည့် အားကစားနည်း ဖြစ်ပါကြောင်း၊ လျင်မြန်ဖျတ်လက်မှု လိုအပ်သည့်အတွက် လူငယ်များနှင့် အလွန်လိုက်ဖက်ညီသည့် အားကစားနည်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနှင့် ဖူဆယ်အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေဖို့ အဖွဲ့ချုပ်များမှတာဝန်ရှိသူ များနှင့် အားကစားသမားများက ဝိုင်းဝန်းကြိုးစားအားထုတ်ပြီး ဆုတံဆိပ်များစွာ ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် မိမိတို့၏ပင်ကိုယ်စွမ်းရည် အရည်အချင်းများကို တစ်ဦးချင်းအစွမ်းကုန်ဖော်ထုတ်ပြသကစားပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးပဲ ဇွဲစိတ်ဓါတ်အပြည့်ဖြင့် သန့်ရှင်းစွာယှဉ်ပြိုင် ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်ကြီးကြပ်သည့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားကာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများတို့သည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသားဖူဆယ်အသင်း ချင်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၄)သင်းတို့မှ အားကစားသမား စုစုပေါင်း (၂၇၂)ဦးသည် နိုဝင်ဘာ(၁)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ်ပြိုင်ပွဲရုံတွင် နေ့စဉ်နံနက်(၉းဝဝ)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
30 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display