Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ (TSDP) ဒေါပုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အားကစားပြိုင်ပွဲများနှင့်မိုးလုံလေလုံမြို့နယ်အားကစားခန်းမဖွင့်ပွဲကျင်းပ
ရန်ကုန်၊ အောက်တိုဘာလ( ၇ )ရက်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဆင့်အတန်းမြင့်မားစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အရှေ့တောင်အာရှမှ အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးဟူသော တာဝန်ကြီး(၄)ရပ်ကိုအကောင် အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍(ဖူဆယ်ဘောလုံး၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း)အားကစားပြိုင်ပွဲများကို၂ဝ၁၇ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ
(TSDP)
ဒေါပုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋဖလား အားကစားပြိုင်ပွဲများနှင့်မိုးလုံလေလုံမြို့နယ်အားကစားခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ မြို့နယ်အားကစားခန်းမ ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်(တိုင်း-၂)မှဦးပြုံးချိုနှင့် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်း၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ်အရာရှိများ၊ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်(တိုင်း-၂) မှ ဦးပြုံးချိုနှင့် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်း၊ ဒေါပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်တို့က (၁၂ဝပေ×၉ဝပေ)အကျယ်ရှိ မြို့နယ်အားကစား ခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ ဒေါပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင် က အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးရာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင် မှပြန်လည်ထွက်ခွာသွားကြသည်။
ယင်းနောက် အမက(၈)ဒေါပုံကျောင်းသား/ကျောင်းသူလေးများက ကိုယ်လက်လှုပ်ရှား မှုအတွဲ(၁)(၂) လေ့ကျင့်ခန်းတို့ကိုလည်းကောင်း၊ မြန်မာ့ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး ၊ ကျွမ်းဘားအဖွဲ့တို့မှ အသီးသီးသရုပ်ပြသ ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် သုဓမ္မမဏိဇောတဦးလှမြင့် တို့က အားကစား နည်းအလိုက် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍အခြေခံပညာကျောင်းပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပ ခဲ့ပြီး အောက်တိုဘာ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက်ရပ်ကွက်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကျင်းပသွား မှာဖြစ်ကြောင်း သတင်းရရှိသည်။
21 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display