Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၁၃)ရက်။
၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင််းနစ် အဖွဲ့ချုပ် ဥက္ကဌဦးကျော်ကျော်နှင့် အမှုဆောင်များ တက်ရောက်ကြပါသည်။
ဆက်လက်၍ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဇင်မင်းဟိန်း(ရန်ကုန်)နှင့် ဖြိုးဟိန်း(ရန်ကုန်)တို့ ယှဉ်ပြိုင်ကစားကြရာ (၄)ပွဲပြတ်ဖြင့် ဇင်မင်းဟိန်း(ရန်ကုန်)မှ အနိုင်ရရှိ သွားပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဇင်မင်းဟိန်းနှင့်နန်းဆက်ဝါ(ရန်ကုန်)၊ ဒုတိယဆုရရှိသော သက်ထူးအောင်နှင့်ဝေဝေအောင်(မန္တလေး)၊ ပူးတွဲတတိယဆုရရှိသော ဟိန်းကိုလှိုင်နှင့်စုသန္တာထွန်း(ပဲခူး)နှင့် အောင်ဇေယျာပိုင်နှင့်အေးသီရိထွန်း(ဧရာဝတီ)တို့အား မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် အမှုဆောင်ဦးခင်ဆိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြ§င့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဇင်မင်းဟိန်းနှင့်ဖြိုးဟိန်း(ရန်ကုန်)၊ ဒုတိယဆုရရှိသော အောင်ကိုကိုပိုင်နှင့် မျိုးသီဟ(မကွေး)၊ ပူးတွဲတတိယဆုရရှိသော ဟိန်းကိုလှိုင်နှင့် အောင်ဟိန်းဦး(ပဲခူး)နှင့် သက်ထူးအောင်နှင့်ဖုန်းမြတ်မင်း (မန္တလေး)တို့အား ရန်ကုန်တိုင်းဒေသကြီးဆပ်ကော်မတီ ဥက္ကဌဦးသန့်ဇင်အောင်မှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဝေဝေအောင် နှင့်အိအိထွေး(မန္တလေး)၊ ဒုတိယဆုရရှိသော ယုဝါဝင်းမော်နှင့်အေးသီရိထွန်း (ဧရာဝတီ)၊ ပူးတွဲတတိယဆုရရှိသော အေးအေးအောင်နှင့် မေသင်္ကြန်ဦး(ပဲခူး)နှင့် စုသန္တာထွန်းနှင့်မီမီမျိုးကို(ပဲခူး)တို့အား မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးအောင်ခိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဇင်မင်းဟိန်း(ရန်ကုန်)၊ ဒုတိယဆုရရှိသော ဖြိုးဟိန်း(ရန်ကုန်)၊ ပူးတွဲတတိယဆုရရှိသော စွမ်းပြည့်ထွန်း(တနသင်ာ္ရီ)နှင့် ဟောင်းလွမ်း(မန္တလေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ဌေးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော နန်းဆက်ဝါ(ရန်ကုန်)၊ ဒုတိယဆုရရှိသော ခင်မျိုးမြတ်(မွန်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော ဝေဝေအောင်(မန္တလေး)နှင့် ယွန်းလဲ့ဖြိုး(မန္တလေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း မှတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆု ရရှိသော မွန်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ ပူးတွဲတတိယဆု ရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော နန်းဆက်ဝါ (ရန်ကုန်)နှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော ဇင်မင်းဟိန်း (ရန်ကုန်)တို့အား မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်မှ တစ်ဦးချင်း ဆုတံဆိပ်နှင့်အတူ ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရွှေ(၂)ခု၊ ငွေ(၁)ခုဖြင့် မန္တလေးတိုင်း ဒေသကြီးအသင်းမှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားကို ရွှေ(၄)ခု၊ ငွေ(၁)ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားကြီးကို ရွှေ(၅)ခု၊ ငွေ(၂)ခုဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ဆွတ်ခူးရရှိကာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
4 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display