skip to content

နေပြည်တော်၊ ဒီဇင်ဘာ(၁၉)ရက်။        

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်/မောင်မယ်များ ဖြစ်ပေါ်လာစေရေး၊ ပြည်သူလူထုအကြားတွင် စိတ်ဝင်စားမှုပိုမိုရရှိသော ဘောလုံးအားကစားနည်း ကိုယခုခေတ်လူငယ်များပိုမိုစိတ်ဝင်စားလာပြီး နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် ပိုမိုအောင်မြင်မှု များစွာရရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေး အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို နေ့လည်(၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင် အမျိုးသမီးလိဂ်ကော်မတီ ဒုတိယဥက္ကဌ ဒေါ်မြတ်မြတ်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တတိယလုပွဲစဉ်အဖြစ် နံနက် (၇)နာရီခွဲအချိန်တွင် မွန်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲအပြီး တစ်ဖက်(၂)ဂိုးစီသရေရလဒ်ဖြင့် ပင်နယ်တီဆက်လက်ယှဉ်ပြိုင်ကစားရာ မွန်ပြည်နယ်အသင်းမှ (၆)ဂိုး၊ (၅)ဂိုးဖြင့် အနိုင်ရရှိသွား သည်။

ဆက်လက်၍ ဗိုလ်လုပွဲစဉ်အဖြစ် နေ့လည်(၃)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၆)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီး အားကစားဆပ်ကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါ်သီတာနိုင်မှ အကောင်းဆုံးဂိုးသမားဆုရ ကျောနံပါတ်(၁) သက်ငုံဖူး(ရန်ကုန်)၊ အကောင်းဆုံးနောက်တန်းဆုရ ကျောနံပါတ်(၄) စန်းသီတာဝေ(စစ်ကိုင်း)တို့အား အကောင်းဆုံးဆုတံဆိပ်နှင့် ငွေသားကျပ် (၂)သိန်းစီချီးမြ§င့်ခဲ့သည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ အကောင်းဆုံးအလယ်တန်းဆုရ ကျောနံပါတ်(၇) စီစီလင်း(ကယား)၊ အကောင်းဆုံးရှေ့တန်းဆုရ ကျောနံပါတ်(၁ဝ) ဆွေမာအောင်(ရန်ကုန်)၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၁၁) ယုယုစိုး(စစ်ကိုင်း)တို့အား အကောင်းဆုံးဆုတံဆပ်နှင့် ငွေသားကျပ် (၂)သိန်းစီ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တတိယဆုရရှိသော မွန်ပြည်နယ်အသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမန်းထွန်းကြိုင်မှ တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားကျပ်(၅)သိန်းချီးမြှင့်ခဲ့သည်။ ထို့နောက်ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားကျပ် (၇)သိန်း ချီးမြှင့်ခဲ့သည်။

လက်၍ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အမှုဆောင် အမျိုးသမီးလိဂ်ကော်မတီဒုတိယဥက္ကဌ ဒေါ်မြတ်မြတ်ဦးမှ တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုနှင့် ငွေသားကျပ် (၁ဝ)သိန်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


back to top Eng