Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုနှင့် ၂ဝ၁၈ ခုနှစ်၊ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ ရိုးရာအားကစားပြိုင်ပွဲများ အောင်မြင်၊စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ(၁၅)ရက်။
၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုနှင့် ၂ဝ၁၈ ခုနှစ်၊ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ ရိုးရာအားကစားပြိုင်ပွဲများ အောင်မြင်၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးအား ယနေ့နေ့လည် (၁)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ၂ဝ၁၈ ခုနှစ်၊ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်အမှာစကားပြောကြား၍ အစည်းအဝေးအား ဦးဆောင်ကျင်းပပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပမည့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုနှင့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများအား ယခင်နှစ်များထက် ပိုမို၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများ စိတ်ပါဝင်စားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယခုလို ညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများကို ''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာအားကစားလောက အဆင့်အတန်း မြင့်မားစေရေး'' စသည့်ရည်ရွယ်ချက်များထား၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ လူတစ်ဦးချင်းအလိုက် မိမိတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက် စဉ်ဆက်မပြတ် အားကစားလှုပ်ရှားမှုများကို ပြုလုပ်ဆောင်ရွက်ရာမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအားကစား လှုပ်ရှားမှုများပိုမိုလုပ်ဆောင်လာပြီး ပြည်သူများ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်လေလေ၊ ထူးချွန် ထက်မြက်သော အားကစားသမားများလည်း ပိုမိုထွက်ပေါ်လာမှာ ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ ခံယူချက်တွင် အားကစားပြုလုပ်သူ (၁ဝဝ) ရှိလျှင် (၅ဝ)မှာ အားကစား လိုက်စားသူဖြစ်ပြီး ထို (၅ဝ)ထဲမှ (၂ဝ)သည် အားကစားကို ထူးထူးခြားခြား အာရုံစိုက်လာရာမှ (၅)ဦး သည် အားကစားထူးချွန်သူများ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ယခုနှစ် ဒီဇင်ဘာလူထုအားကစား လူထုလမ်းလျှောက်ပွဲကို နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ ဦးစီး၍ စည်ကားသိုက်မြိုက်၊ အောင်မြင်စွာ ကျင်းပသွားရန် စီမံဆောင်ရွက်ထားပါကြောင်း၊ ပြည်ထောင်စု နယ်မြေနေပြည်တော်၌ ယခုနှစ်တွင် မြို့မစျေးစုရပ်မှ စ၍ အပတ်စဉ် နံနက် (၅း၄၅)နာရီမှစ၍ စတင်တာထွက်ပြီး သပြေကုန်းအဝိုင်း ကျောက်မျက်ရတနာပြတိုက်ရှေ့ရင်ပြင်တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ် (၁)နှင့် (၂)ကို ပြုလုပ်သွားမည် ဖြစ်ပါကြောင်းနှင့် နေပြည်တော်ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများနှင့် မိသားစုများ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လုပ်သားပြည်သူများ အင်ပြည့်အားပြည့် ပါဝင်ဆင်နွှဲနိုင်စေရေးအတွက် ည§ိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာအားကစားလောက အဆင့်အတန်း မြင့်မားလာစေရေး တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီး၊ အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၊ တစ်နိုင်ငံလုံးရှိ ပြည်သူများ အင်တိုက်အားတိုက်ပါဝင်ကြရန် လိုအပ်ပါကြောင်း၊
နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများအား စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲကျင်းပရန် လမ်းညွှန်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ် (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားရှိပြီး ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ယခုနှစ်တွင် ထုပ်ဆီးတိုးနှင့် ခြင်းလုံး (အမျိုးသား) စွမ်းရည်ပြအလှခတ်ပြိုင်ပွဲများကို ထပ်မံထည့်သွင်းထားရှိပါကြောင်းနှင့် နေပြည်တော် အခြေခံအထက်တန်းကျောင်းများတွင်လည်း ဝန်ကြီးဌာနအသီးသီးမှ ဦးဆောင်၍ အားကစားနည်း (၉)မျိုးဖြင့် စည်ကားသိုက်မြိုက်၊ အောင်မြင်စွာကျင်းပနိုင်ရေးကို စီစဉ်ထားရှိပါကြောင်း တက်ရောက် လာကြသော ဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးပေး ကြပါရန် ပြောကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်မှ ပြိုင်ပွဲများ ကျင်းပမှု စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲ လာစေရန်အတွက် ကြိုတင်စီစဉ် ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဝန်ကြီးဌာန အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ လူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲမည့် အခြေအနေ၊ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်မည့် အခြေအနေများကို အသီးသီး အကြံပြုဆွေးနွေးကြပါသည်။
ယင်းနောက် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်းများအလိုက် အဖွဲ့ချုပ်များမှ အားကစားနည်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ၂ဝ၁၈ ခုနှစ်၊ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ များ ကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြား လမ်းညွှန်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
26 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display