Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ်နွေရာသီအခြေခံအားကစားနည်းသင်တန်းများ ရန်ကုန်မြို့တွင်ဖွင့်လှစ်နိုင်ရေးပေါင်းစပ်အစည်းအဝေးအခမ်းအနားကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီလ(၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း၍ နွေရာသီအခြေခံ အားကစား သင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို အားကစားနည်း(၃၆)နည်းဖြင့် မတ်လ(၁၂)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိနှင့် အဆင့်မြင့် သင်တန်းများကို ဧပြီလ(၂၃)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ ရန်ကုန်မြို့တွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ယနေ့နံနက်(၁ဝ)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံ ကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂ဝ၁၈ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်နိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကိုကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးစိုးအောင်ကပြောကြားရာတွင်၂ဝ၁၈ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို အခြေခံနှင့်အဆင့်မြင့်ဟူ၍ သင်ကြား ပေးသွား မည်ဖြစ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်စဉ်နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစား သင်တန်း များကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများကို ဆက်လက်လေ့ကျင့်ပြုစုပျိုးထောင် ပေးခြင်းဖြင့် ထူးချွန်ထက်မြတ်သော မြန်မာ့လက်ရွေးစင်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် အမျိုးသားအားကစား တိုးတက်မြင့်မားလာစေရေး၊ နွေရာသီအားကစားသင်တန်းများမှ ဗီဇပါရမီရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း၊ ဦးစီးဌာနမှ သက်ဆိုင်ရာ အားကစားကွင်း/ရုံ များတွင် အားကစားနည်းအလိုက် သင်တန်းများလေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ခွင့်ပြုပေးထား ပြီဖြစ်၍ အဖွဲ့ချုပ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် မျိုးဆက်သစ်အားကစား သမားများ အားကစားလိုက်စားနိုင်ရေးအတွက် သင်တန်းကြေးများကိုတက်နိုင်သလောက် လျော့ပေါ့ပေးရန်နှင့် ယခင်နှစ် ကထက် သင်တန်းသားများ ပိုမိုရရှိစေဖို့စည်းရုံးဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူထုအားကစားနှင့်ပညာပေးဌာနခွဲ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်နိုင်ရေး၊ ဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် သင်တန်းသားများ တူညီဝတ်စုံရရှိစေရေး၊ ကြော်ငြာ ဆိုင်းဘုတ်များတပ်ဆင်နိုင်ရေး၊ ရေကူး၊ဘောလုံး၊ကြက်တောင်နှင့်ဝူရှူး အားကစား နည်းများတွင် သင်တန်းသားဦးရေများပြားသောကြောင့် သင်တန်းကြေးများ ယခင်နှစ်များထက် လျော့ပေါ့ပေးစေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးက ရန်ကုန်တိုင်းဒေသကြီးရှိခရိုင်နှင့်မြို့နယ်များရှိ အားကစား ကွင်း/ရုံများတွင် အခြေခံ အားကစားနည်းသင်တန်းများကို ယခင်နှစ်များထက် သင်တန်းသားဦးရေများပြားအောင် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊အားကစား ကွင်း/အားကစားရုံဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးရဲနန္ဒက သင်တန်းကာလအတွင်း အားကစားကွင်း/ရုံများကိုအသုံးပြုလိုပါကအဖွဲ့ချုပ်များ အနေဖြင့်ကြိုတင်အသိပေးမှသာ မိမိိတို့ဘက်မှလိုအပ်သည်များကို အချိန်မီဆောင်ရွက် ရမှာ ဖြစ်ကြောင်း ပြောကြား၍လည်းကောင်း၊ အနောက်ပိုင်းခရိုင်ပညာရေးမှူး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေး ဌာနခွဲ၊ မော်တော်ယာဉ်ဌာနစိတ်၊ ဆေးဘက်ဆိုင်ရာဌာနစိတ်တို့မှ တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ ၊ အဖွဲ့ချုပ်တာဝန်ခံ အမှုဆောင်များက သင်တန်း ဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက် ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီးနောက် ကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးစိုးအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အခြေခံအားကစားနည်းသင်တန်းများကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားကွင်း/ရုံများ၌ အဖွဲ့ချုပ်များ၊ မြို့နယ် အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်းကာ မြားပစ်၊ ပြေးခုန်ပစ်၊ ဘေ့စ်ဘော၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာ၊ ကာယကြံ့ခိုင်မှု၊ ဘိုးလင်း၊ လက်ဝှေ့၊ စစ်တုရင်၊ ခြင်းလုံး၊ ခရစ်ကက်၊ စက်ဘီး၊ဘောလုံး၊ဂေါက်သီး၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ သေနတ်ပစ်၊ စားပွဲတင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သိုင်း၊ ဘော်လီဘော၊ အလေးမ၊ အမျိုးသမီးအားကစား(အေရိုးဗစ်)၊ ဝူရှူး၊ ရွက်လှေ၊ မသန်စွမ်း၊ ကမ်ပို၊ နပန်း ၊ရိုးရာလက်ဝှေ့ စသည့်အားကစားနည်းများဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်သိရှိလိုပါက (ဝ၁- ၄ဝဝ၄၃၁)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။
24 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display