နေပြည်တော်၊မေလ(၂၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ဘိလိယက်ရုံတွင် စတင်ယှဉ်ပြိုင်ကစားကြ ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကောမတီအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ယနေ့ ဘိလိယက်နှစ်ယောက်တွဲဗိုလ်လုပွဲစဉ်အဖြစ် သီဟအောင်+အောင်မျိုးဦး(ရှမ်း)နှင့် ချမ်းညိမ်းသူ+အောင်ဆွေမင်း(မကွေး)တို့ယှဉ်ပြိုင်ကစားကြရာ သီဟအောင်+အောင်မျိုးဦး(ရှမ်း)မှ (၃-၁)ပွဲဖြင့်လည်းကောင်း၊ စနူကာနှစ်ယောက်တွဲဗိုလ်လုပွဲစဉ်အဖြစ် နေလင်းထွန်း+ကျော်ဝေယံစိုး (မကွေး)နှင့် မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)တို့ယှဉ်ပြိုင်ကစားကြရာ နေလင်းထွန်း+ကျော်ဝေယံစိုး (မကွေး)မှ(၃-၂)ပွဲဖြင့်လည်းကောင်း၊ ဘိလိယက်တစ်ဦးချင်းဗိုလ်လုပွဲစဉ်အဖြစ် သန့်ဇော်ထွန်း (ရန်ကုန်)နှင့် စည်သူစိုး(ပဲခူး)တို့ယှဉ်ပြိုင်ကစားကြရာ စည်သူစိုး(ပဲခူး)မှ (၃-၂)ပွဲဖြင့်လည်းကောင်း၊ စနူကာတစ်ဦးချင်းဗိုလ်လုပွဲစဉ်အဖြစ် ရာဇာဟန်(ဧရာဝတီ)နှင့် မျိုးကိုထွေး(ရှမ်း)တို့ ယှဉ်ပြိုင်ကစား ကြရာ မျိုးကိုထွေး(ရှမ်း)မှ (၃-၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ရမှတ်(၅၂)မှတ်ဖြင့် အမှတ်အများဆုံးရရှိသော ကြည်ဖေလင်း(ဧရာဝတီ)နှင့် စနူကာ တစ်ဦးချင်းပြိုင်ပွဲတွင် ရမှတ်(၅၆)မှတ်ဖြင့် အမှတ်အများဆုံးရရှိသော မျိုးကိုထွေး(ရှမ်း)တို့အား မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဒုတိယဥက္ကဌဦကျော်နိုင်ဦးမှလည်းကောင်း၊
ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စည်သူစိုး(ပဲခူး)၊ ဒုတိယဆုရရှိသော သန့်ဇော်ထွန်း(ရန်ကုန်)၊ တတိယဆုရရှိသော ထွန်းထွန်းဝင်း(ဧရာဝတီ)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝေလင်းမှ လည်းကောင်း၊ ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော သီဟအောင်+အောင်မျိုးဦး (ရှမ်း)၊ ဒုတိယဆုရရှိသော ချမ်းညိမ်းသူ+အောင်ဆွေမင်း (မကွေး)၊ တတိယဆုရရှိသော နေလင်းအောင်+ အောင်ခန့်မင်း(စစ်ကိုင်း)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဆိုင်ရာကော်မတီအဖွဲ့ဝင် မန်းထွန်းကြိုင်မှလည်းကောင်း၊
စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော မျိုးကိုထွေး(ရှမ်း)၊ ဒုတိယဆုရရှိသော ရာဇာဟန်(ဧရာဝတီ)၊ တတိယဆုရရှိသော ဇင်မင်းထက်(ကချင်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဆန်းမှလည်းကောင်း၊ စနူကာနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော နေလင်းထွန်း+ကျော်ဝေယံစိုး(မကွေး)၊ ဒုတိယဆုရရှိသော မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)၊ တတိယဆုရရှိသော သက်နိုင်ဦး+ကောင်းဇံထက် (မကွေး)တို့အား မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌဒေါက်တာမင်းနိုင်မှလည်းကောင်း၊
ရွှေတံဆိပ်(၁)ခုဖြင့် ဘိလိယက်တံခွန်စိုက်ဆုဖလားရရှိသော ရှမ်းပြည်နယ်အသင်းနှင့် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် စနူကာတံခွန်စိုက်ဆုဖလားရရှိသော ရှမ်းပြည်နယ်အသင်းတို့ အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။