နေပြည်တော်၊အောက်တိုဘာလ(၃၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် (၇:၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ရာတွင် မွန်ပြည်နယ်အသင်းမှ ချင်းပြည်နယ်အသင်းကို (၇)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
(၁.၁၁.၂ဝ၁၈)ရက်နေ့တွင် နံနက်(၇:၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။