skip to content

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂ဝ)ရက်။          

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံပြေးခုန်ပစ်အဖွ့ဲချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ်၊(၆၃)ကြိမ်မြောက်အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပါင်းစုံ)ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ယနေ့နံနက် (၇းဝဝ)နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ အမျိုးသမီးမီတာ (၅ဝဝဝ) အပြေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ဇင်မာချို (ကာကွယ်ရေး) မှ  (၁၈) မိနစ် (၃၆.၉၆) စက္ကန့်ဖြင့် ပထမ၊ ထားသဥ္ဇာအေး (ဆောက်လုပ်ရေး) မှ  (၁၉) မိနစ် (၂၃.၂၆) စက္ကန့်ဖြင့် ဒုတိယ၊ ယဉ်ငြိမ်းအေး (ကာကွယ်ရေး) မှ (၁၉) မိနစ် (၂၅.၂၅) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသား မီတာ (၅ဝဝဝ) အပြေးပြိုင်ပွဲတွင် ဆန်းနိုင် (စည်ပင်) မှ  (၁၅) မိနစ် (၃၄.ဝ၄) စက္ကန့်ဖြင့် ပထမ၊ ဝင်းနိုင်ထွန်း (စည်ပင်) မှ (၁၅) မိနစ် (၃၄.၉၅) စက္ကန့်ဖြင့် ဒုတိယ၊ စိုးပိုင် (ကာကွယ်ရေး) မှ (၁၆) မိနစ် (ဝ၆.ဝ၅) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်းအသီးသီးရရှိသွားသည်။

အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် မာမာစန်း (ကျန်း/အား) မှ (၄ဝ.၁၈) မီတာဖြင့် ပထမဆုကိုလည်းကောင်း၊ စိုးစိုးထွေး (ကာကွယ်ရေး) မှ (၃၂.၆၉) မီတာဖြင့် ဒုတိယ၊ နီမာသဲ (စိုက်/ဆည်) မှ (၃၂.၂၉) မီတာဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိသွားသည်။

အမျိုးသား မီတာ (၁၁ဝ) တန်းကျော်ပြေးပြိုင်ပွဲတွင် လွင်မိုး(ဆောက်လုပ်ရေး) မှ  (၁၄.၈၄) စက္ကန့်ဖြင့် ပထမ၊ ကျော်မိုးမင်း (စည်ပင်) မှ (၁၅.၆၂) စက္ကန့်ဖြင့် ဒုတိယ၊  ဇွဲထင်နောင် (စည်ပင်) မှ (၁၆.၁ဝ) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ (၁ဝဝ) တန်းကျော်ပြေးပြိုင်ပွဲတွင် အိသက်လွင်(ကာကွယ်ရေး) မှ  (၁၅.၈၅) စက္ကန့်ဖြင့် ပထမ၊ နန်းမြင့်မြင့်အေး (ကာကွယ်ရေး) မှ (၁၇.ဝ၄) စက္ကန့်ဖြင့် ဒုတိယ၊  မိုးမိုးမြင့် (ပြည်ထဲရေး) မှ (၁၇.ဝ၆) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိသွားသည်။

အမျိုးသမီးတုတ်ထောက်ခုန်ပြိုင်ပွဲတွင် နေနေဝင်း (စိုက်/ဆည်) မှ (၂.၈ဝ) မီတာဖြင့် ပထမ၊ စိုင်းတောင် (ဆောက်လုပ်ရေး) မှ (၂.၇ဝ) မီတာဖြင့် ဒုတိယ၊ ဂျက်နက် (ကာကွယ်ရေး) မှ (၂.၆ဝ) မီတာဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိသွားသည်။

အမျိုးသမီး မီတာ (၄ဝဝ) အပြေးပြိုင်ပွဲတွင် သိမ့်သိမ့်စံ (ကာကွယ်ရေး) မှ (၁၈.ဝဝ)စက္ကန့်ဖြင့် ပထမ၊ ဆွေလီမြင့် (ပြည်ထဲရေး) မှ (၆ဝ.၃၂) စက္ကန့်ဖြင့် ဒုတိယ၊  နော်ဇာဖောဖော် (ပို့/ဆက်) မှ  (၆၂.၃၃) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားမီတာ (၄ဝဝ) အပြေးပြိုင်ပွဲတွင် ခန့်ပိုင်ထွန်း (စည်ပင်) မှ  (၅ဝ.၈၅) စက္ကန့်ဖြင့် ပထမ၊ မြင့်နိုင် (စည်ပင်) မှ (၅၁.၃၆) စက္ကန့်ဖြင့် ဒုတိယ၊ နိုင်လင်းထွန်း (ကာကွယ်ရေး) မှ (၅၁.၇၅)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း အသီးသီးရရှိသွားသည်။

အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ဇော်ထွန်းခိုင် (ကာကွယ်ရေး) မှ (၆.၆၉)မီတာဖြင့် ပထမ၊ ဇင်ကိုဌေး (စည်ပင်) မှ (၆.၅၇)မီတာဖြင့် ဒုတိယ၊  ကျော်ထင်အောင် (ကျန်း/အား) မှ  (၆.၅၆)မီတာဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိသွားသည်။

အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် လျန်းထန်မွေး (ကျန်း/အား) မှ (၃၉.၇ဝ)မီတာဖြင့် ပထမ၊ တိုးမြင့်စံ  မှ (၃၃.၉၆)မီတာဖြင့် ဒုတိယ၊ ရန်နိုင်စိုး (ကာကွယ်ရေး) မှ (၃၃.၂၆)မီတာဖြင့် တတိယကိုလည်းကောင်းအသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ညွန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများ၊  လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင်ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြ  ပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊(၆၃)ကြိမ်မြောက်အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ကြီးဌာန(၈)ခု နှင့်အားကစားသမား စုစုပေါင်း(၉၈)ဦးတို့သည်ဖေဖော်ဝါရီလ (၂ဝ)ရက်နေ့မှ (၂၃) ရက်နေ့ အထိပြိုင်ပွဲအမျိုးအစား(၁၇)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် နံနက် (၇:ဝဝ)နာရီအချိန်မှစတင်၍ ဆက်လက်ကျင်းပပြုလုပ်သွားမည်       ဖြစ်ကြောင်း သတင်းရရှိသည်။


back to top Eng