နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၂)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွ့ဲချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ၊် (၆၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ ပွဲစဉ်များကို ယနေ့နံနက်(၇းဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ပြုလုပ်ပါသည်။
ရှေးဦးစွာ အမျိုးသား မီတာ(၁ဝဝဝဝ)ပြိုင်ပွဲတွင် ဝင်းနိုင်ထွန်း (စည်ပင်) မှ (၃၂)မိနစ် (၂၂.၈၇)စက္ကန့်ဖြင့် ပထမ၊ သောင်းအေး (စိုက်/ဆည်) မှ (၃၃)မိနစ် (၇.၈၇)စက္ကန့်ဖြင့် ဒုတိယ၊ စိုးပိုင် (ကာကွယ်ရေး) မှ (၃၃)မိနစ် (၄၂.၆၆)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဇင်မာချို (ကာကွယ်ရေး) မှ (၃၈)မိနစ် (၁၁.၅၂)စက္ကန့်ဖြင့် ပထမ၊ မြင့်မြင့်အေး (ကာကွယ်ရေး) မှ (၃၈)မိနစ် (၄၉.၃၂)စက္ကန့်ဖြင့် ဒုတိယ၊ ချိုချိုအေး (တံခွန်စိုက်) မှ (၄ဝ)မိနစ် (၃၅.၃၃)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း
အမျိုးသား (၁ဝ)မျိုးစုံပြိုင်ပွဲတွင် အောင်မြင့်စိုး (ဆောက်လုပ်ရေး) မှ (၄၉ဝ၉) မှတ်ဖြင့် ပထမ၊ အောင်လင်းထွန်း (ကျန်း/အား) မှ (၄၆၂၅)မှတ်ဖြင့် ဒုတိယ၊ မျိုးမင်း (ကာကွယ်ရေး) မှ (၄၆ဝ၃)မှတ်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး (၇)မျိုးစုံပြိုင်ပွဲတွင် ဖရန်စစ္စကာ (ကာကွယ်ရေး) မှ (၃၂၇၆)မှတ်ဖြင့် ပထမ၊ ခိုင်သဇင်စိုး (ကာကွယ်ရေး) မှ (၃၂၂၁)မှတ်ဖြင့် ဒုတိယ၊ မိုးမိုးမြင့် (ပြည်ထဲရေး) မှ (၂၉၅၇)မှတ်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသား မီတာ(၈ဝဝ)ပြိုင်ပွဲတွင် မင်းမင်းဇော် (စည်ပင်) မှ (၁)မိနစ် (၅၃.၃၃)စက္ကန့်ဖြင့် ပထမ၊ ဇာနည်ထွန်း (သယံ/သဘာဝ) မှ (၂)မိနစ် (ဝဝ.ဝ၁)စက္ကန့်ဖြင့် ဒုတိယ၊ မြင့်နိုင် (စည်ပင်) မှ (၂)မိနစ် (ဝဝ.၄၂)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမိျုးသမီးပြိုင်ပွဲတွင် ဆွေလီမြင့် (ပြည်ထဲရေး) မှ (၂)မိနစ် (၁၇.၇၈)စက္ကန့်ဖြင့် ပထမ၊ အေးအေးအောင် (ကာကွယ်ရေး) မှ (၂)မိနစ် (၁၉.ဝ၉)စက္ကန့်ဖြင့် ဒုတိယ၊ အေးခမ်း (ပြည်ထဲရေး) မှ (၂)မိနစ် (၄၂.၂၅)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသား မီတာ(၂ဝဝ)ပြိုင်ပွဲတွင် ခန့်ပိုင်ထွန်း (စည်ပင်) မှ (၂၂.၃၇)စက္ကန့်ဖြင့် ပထမ၊ ဟိန်းနောင်နောင် (ပြည်ထဲရေး) မှ (၂၂.၉ဝ)စက္ကန့်ဖြင့် ဒုတိယ၊ ကျော်ဇင်အောင် (ပြည်ထဲရေး) မှ (၂၂.၉၆)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် သိမ့်သိမ့်စံ (ကာကွယ်ရေး) မှ (၂၅.၄ဝ)စက္ကန့်ဖြင့် ပထမ၊ နော်ကပေါဖော (ပို့/ဆက်) မှ (၂၇.ဝ၇)စက္ကန့်ဖြင့် ဒုတိယ၊ သက်ထားဦး (ဆောက်လုပ်ရေး) မှ (၂၇.၂၅)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲတွင် အောင်ကျော်မင်း (ဆောက်လုပ်ရေး) မှ (၄.၁ဝ)မီတာဖြင့် ပထမ၊ စောဆာရှီး (စိုက်/ဆည်) မှ (၄.ဝဝ)မီတာဖြင့် ဒုတိယ၊ ဇော်ဝင်းနောင် (ကာကွယ်ရေး) မှ (၃.၈ဝ)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် အေးသန္တာ (စိုက်/ဆည်) မှ (၁.၅၂)မီတာဖြင့် ပထမ၊ အေးချယ်ရီမြင့် (ကာကွယ်ရေး) မှ (၁.၅၂)မီတာဖြင့် ဒုတိယ၊ မေဇင်ထက် (ကာကွယ်ရေး) မှ (၁.၄၃)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် အမ်စိုးဇာ (ကျန်း/အား) မှ (၄၁.၆၈) မီတာဖြင့် ပထမ၊ ပပဦး (ပြည်ထဲရေး) မှ (၄ဝ.၃၅)မီတာဖြင့် ဒုတိယ၊ အေးအေးမာ (ဆောက်လုပ်ရေး) မှ (၃၆.၆၈)မီတာဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြ ပါသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ညွန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများ လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြ ပါသည်။