skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၇)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အမျိုးသမီး (၆၉)ကီလိုတန်းပြိုင်ပွဲတွင် ဇင်မာအေး(မကွေး)မှ ပထမ ၊ ဝေဝေလှိုင် (မကွေး)မှ ဒုတိယနှင့် သင်းသင်းဆု(ရှမ်း) မှ တတိယရရှိခဲ့ပြီး အဆိုပါဆုများအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန့်မှလည်းကောင်း၊ အမျိုးသမီး(၉ဝ)ကီလိုတန်းပြိုင်ပွဲတွင် မေလဲ့လဲ့ဝင်းလှိုင်(ဧရာဝတီ)မှပထမ၊ သင်းမြတ်နွယ်(ရန်ကုန်)မှ ဒုတိယနှင့် သင်းသင်းစုိုး(စစ်ကိုင်း)မှ တတိယ ရရှိခဲ့ပြီး အဆိုပါဆုများကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင် မှလည်းကောင်း၊ အမျိုးသား(၉၄)ကီလိုတန်းပြိုင်ပွဲတွင် အောင်သော်ဇင်(ရန်ကုန်)မှပထမနှင့် ဌေးလွင် (တနင်္သာရီ) မှဒုတိယရရှိခဲ့ပြီးအဆိုပါဆုများအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊ အမျိုးသား(၁ဝ၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းခန့်(ရန်ကုန်)မှပထမ၊ ရဲပြည့်စိုး (နေပြည်တော်) မှဒုတိယနှင့် ရဲနန္ဒ(ရှမ်း)မှ တတိယရရှိခဲ့ပြီးအဆိုပါဆုများအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှလည်းကောင်း၊ အမျိုးသား (+၁ဝ၅)ကီလို တန်းပြိုင်ပွဲတွင် ရန်မျိုးကျော်(မန္တလေး)မှပထမ၊ စိုးအောင်မော် (ပဲခူး) မှဒုတိယနှင့် ဇော်ဇော်အောင် (ရန်ကုန်)မှတတိယ ရရှိခဲ့ပြီး အဆိုပါဆုများအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှလည်းကောင်း၊အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသွားသော သီဟအောင် (ရန်ကုန်)အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး မှ လည်းကောင်း၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသွားသော ဇင်မေဦး(ဧရာဝတီ)အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။
 
 
 
အမျိုးသားတံခွန်စိုက် ဆုဖလားဆွတ်ခူးရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိသွားသော  ရန်ကုန် တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
 
အမျိုးသား (+၁ဝ၅)ကီလိုတန်းတွင် ရန်မျိုးအောင်(မန္တလေး) မှ မြန်မာနိုင်ငံ၏ အကောင်းဆုံး အမြန်မစံချိန်ဖြစ်သော(၁၃၅)ကီလိုရှိရာတွင် ယခု(၁၃၆) ကီလိုဖြင့် စံချိန် အမြင့်ဆုံး ချိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
 

back to top Eng