Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာလ(၂၇)ရက်။
မန္တလေးတိုင်းအစိုးရအဖွဲ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပသော ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈)နာရီအချိန်တွင် မန္တလေးမြို့၊ နန်းမြို့ရိုး ကျုံးအနောက်ဘက်၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲသို့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့နှင့်အတူ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံရိုးရာလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌ ဦးမျိုးဆွေသိန်းနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို ကျင်းပရခြင်းရည်ရွယ်ချက်မှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေး၊ မျိုးဆက်သစ်လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူများ စိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင် ကြသော အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာစေရေးနှင့် လှေလှော်အားကစားနည်း အဆင့်အတန်း ပိုမိုမြင့်မားလာစေရေးတို့ ဖြစ်ပါကြောင်း၊ လှေလှော် အားကစားနည်းသည် ရှေးမြန်မာဘုရင်လက်ထက်ကတည်းက လှေပွဲသဘင်များကို ဆင်ယင်ကျင်းပ လျက်ရှိပြီး မြန်မာတို့၏ သန်မာထွားကြိုင်းမှု၊ ကြံ့ခိုင်မှု၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ ကိုလေးစားမြတ်နိုးမှုနှင့် လုံ့လ၊ဝီရိယ၊စွမ်းအား တို့ကို ရိုးရာလှေလှော်ပြိုင်ပွဲက ထုတ်ဖော်ပေးလျက် ရှိပါကြောင်း၊ ယခင်က ရိုးရာလှေလှော်ပြိုင်ပွဲများကို မြန်မာနိုင်ငံရိုးရာလှေလှော်အဖွဲ့ချုပ်က ဦးစီး ကျင်းပလျက်ရှိသော်လည်း ၂ဝ၁၄ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား ရိုးရာ လှေလှော်ပြိုင်ပွဲအဖြစ်လည်းကောင်း၊ ၂ဝ၁၆ခုနှစ်က တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲအဖြစ်လည်းကောင်း အောင်မြင်စွာ လက်ခံကျင်းပပြီးစီးခဲ့ပါကြောင်း၊ ရိုးရာလှေလှော်အားကစား နည်းသည် စွမ်းအားကိုအသုံးပြုကာ ယှဉ်ပြိုင်ရသောအားကစားနည်းဖြစ်ပြီး ကိုယ်ခန္ဓာ သန်မာ ထွားကြိုင်းပြီး ကျန်းမာကြ့ံ့ခိုင်၍ သက်လုံကောင်းမှသာ ထူးချွန်သော အားကစားသမားကောင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ရိုးရာလှေလှော်အားကစားနည်းမှာ နိုင်ငံတကာပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင် ပြီးရွှေတံဆိပ်များရယူပေးခဲ့သော အားကစားနည်းဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအလယ် ၌ အခြားပြိုင်ပွဲဝင်နိုင်ငံများက အားကျဂုဏ်ယူလောက်သည်အထိ အောင်မြင်မှု ရရှိခဲ့ပါကြောင်း၊ လှေလှော်အားကစားနည်းကို အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိ အောင်မြင်မှု ဆက်လက်ရရှိနိုင်ရေးကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများမှ ဝိုင်းဝန်းပူးပေါင်းကြိုးစားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ကြသည့် လှေလှော်အားကစားသမားများအနေဖြင့် လှေလှော်အားကစားနည်းနှင့် နိုင်ငံ့ဂုဏ်ကို
မြှင့်
တင်နိုင်ရမည်ဟု ရည်မှန်းချက်ထားပြီး နိုင်ငံ့ဂုဏ်ဆောင် လှေလှော်အားကစားသမားများဖြစ်အောင် ကြိုးစားကြမည်ဟုသော စိတ်ဓါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီးတို့သည် ပြိုင်ပွဲဝင်လှေလှော်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို မိဘပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၂ဝဝ) ကျား/မ ၅တက်လှော်၊ မီတာ(၂ဝဝ) ကျား/မ ၇တက်လှော်၊ မီတာ(၂ဝဝ) ကျား/မ ၁ဝ တက်လှော်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် အသင်းများအဖြစ် ကျား(၁၃)သင်း၊ မ(၁ဝ)သင်း အားကစားသမားဦးရေ (၃၄၉)ဦးဖြင့် အောက်တိုဘာလ (၂၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။ အဆိုပါပြိုင်ပွဲတွင် လာရောက် အားပေးခဲ့ကြသော ပရိသတ်များကို အနုပညာရှင်များမှ ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။
41 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display