skip to content
 
 
နေပြည်တော်၊ စက်တင်ဘာလ(၂၈)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အမျိုးသားကွာတားပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဗဟိုဘဏ်အသင်းတို့ ယှဉ်ပြိုင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်း မှ (၂၅-၁၃) (၂၅-၁၆) (၂၅-၂၁) ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၈) (၂၅-၉) (၂၅-၁၆) ဖြင့် လည်းကောင်း၊  အမျိုးသမီးကွာတားပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၂) (၂၅-၁၉) (၂၅-၁ဝ) ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ (၁၈-၂၅) (၂၅-၁၇) (၂၅-၁၄) (၂၅-၂ဝ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
 
 
 
 
(၂၉.၉.၂ဝ၁၈)ရက်နေ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌  အမျိုးသားတတိယလုပွဲအဖြစ် နံနက်(၉)နာရီအချိန်တွင် ဗဟိုဘဏ်အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့သည် လည်းကောင်း၊ နံနက်(၁ဝ) နာရီအချိန်တွင် အမျိုးသမီးတတိယလုပွဲအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


back to top Eng