skip to content
 
 
နေပြည်တော်၊ နိုဝင်ဘာလ (၂၃) ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြေးခုန်ပစ် ဒိုင်လူကြီးသင်တန်းအဆင့်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Multipurpose Hall တွင် ကျင်းပပြုလုပ်ရာ  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ      Mr. Paiboon Srichaisawat နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင်  အားကစားနည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် နည်းပြများ၏ အရည်အချင်းသည် အရေးကြီးပြီး စံချိန်ကောင်းများရရှိစေရန်နှင့် ပြိုင်ပွဲကို စည်းမျဉ်း/စည်းကမ်း နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒိုင်လူကြီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊  ယခုသင်တန်းမှ တက်ရောက်အောင်မြင်ကြသော သင်တန်းများအနေဖြင့် မကြာမီ နေပြည်တော်တွင် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အခြားဒိုင်လူကြီးများကို ဦးဆောင်ပြီး ပြိုင်ပွဲကြီး စနစ်တကျ အောင်မြင်စွာကျင်းပနိုင်ရေး၊ စံချိန်/စံညွှန်းကောင်းများရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အပြည်ပြည် ဆိုင်ရာ ပြေးခုန်ပစ် အဖွဲ့ချုပ်၏ Technical Offical Education System  အရ ယခုသင်တန်းသည် Level (၁) သင်တန်းဖြစ်ပြီး ယခုသင်တန်းမှာ  ဖြစ်လို့  Level (၂) သင်တန်းတက်ရောက်ခွင့်ရမည့်သူများဟာ Level (၂) သင်တန်းတက်ရောက်အောင်မြင်ပြီးပါက Asia Technical Offical အဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ကြောင်း၊ အာရှတိုက်အတွင်း ကျင်းပပြုလုပ်သည့် ပြိုင်ပွဲများမှာ အာရှပြေးခုန်ပစ်အဖွဲ့ချုပ်၏အစီအစဉ်ဖြင့် အလှည့်ကျသွားရောက် တာဝန်ထမ်းဆောင်ရမည့် အခွင့်အရေး ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
ဆက်လက်၍ သင်တန်းနည်းပြဆရာ Mr. Paiboon Srichaisawat မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
 
 
ဆက်လက်၍ သင်တန်းသားများ ကိုယ်စား သင်တန်းကိုယ်စားလှယ်မှ သင်တန်းတွင် သင်ကြား ပို့ချပေးသော သင်တန်းနည်းပြဆရာ  Mr. Paiboon Srichaisawat အား အမှတ်တရ လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng