နေပြည်တော်၊သြဂုတ်လ(၄)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား(B) ရုံ နှင့် (C) ရုံတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ဘော်လီဘော အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများတက်ရောက် ကြည့်ရှု့အားပေး ခဲ့ပါသည်။
ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက် (၁၁:ဝဝ)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြရာ အီရန်ကလပ် KHATAM ARDAKAN အသင်းမှ ထိုင်းကလပ် နာခွန်ရတ်ချန်စီမာအသင်းကို (၂၅-၂၂)၊ (၂၅-၂၃)၊ (၂၅-၂၃)ဖြင့် လည်းကောင်း၊ ဗီယက်နမ်ကလပ် SANEST KHANH HOA အသင်းမှ တရုတ်(တိုင်ပေ) ကလပ် LONG POWER အသင်းကို (၂၅-၁၆)၊ (၂၅-၁၂)၊ (၂၅-၁၇)ဖြင့်လည်းကောင်း၊ နေ့လည် (၁၃:၃ဝ) နာရီ အချိန်တွင် ပါကစ္စတန်ကလပ် WAPDA အသင်းမှ ဂျပန်ကလပ် TORAY ARROWS အသင်း ကို (၂၅-၂၁)၊ (၁၆-၂၅)၊(၂၃-၂၅)၊(၃၁-၂၉)၊ (၂၂-၂ဝ)ဖြင့်လည်းကောင်း၊ သြစတေးလျကလပ် ကန်ဘီရာအသင်း မှ တရုတ်ကလပ် SICHUAN အသင်းကို (၂၅-၂၃)၊ (၁၅-၂၅)၊ (၂၅-၁၉)၊ (၁၄-၂၅)၊ (၁၅-၁၁)ဖြင့် လည်းကောင်း၊ ညနေ (၁၆:ဝဝ) နာရီ အချိန်တွင် ကာဇက်စတန်ကလပ် အသင်းမှ သီရိလင်္ကာကလပ် LANKA LIONS အသင်းကို (၂၁-၂၅)၊ (၂၅-၂ဝ)၊ (၂၅-၂၁)၊ (၂၅-၁၇) ဖြင့် လည်းကောင်း၊ မြန်မာကလပ် ASIA WORLD အသင်းမှ တာကစ်မင်နစ္စတန်ကလပ် BINGAR အသင်းကို (၂၅-၂၁)၊ (၂၅-၁၈)၊ (၂၅-၁၃)ဖြင့် အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
(၅.၈.၂ဝ၁၈)ရက်နေ့ နံနက်(၁၃:၃ဝ) နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ နှင့်(C) ရုံ တို့၌ Semi Final ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။