Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့်ကြက်တောင်ဥပဒေနှင့်ဒိုင်လူကြီးသင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မေလ(၅)ရက်
။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်ဥပဒေနှင့် ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:ဝဝ)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Medal Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသို့တက်ရောက်မည့် ဝန်ကြီးဌာနအသီးသီးမှသင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြက်တောင်အားကစားနည်းသည် ယခုဆိုနိုင်ငံတကာပြိုင်ပွဲများတွင် အထိုက်အလျောက််ဆုတံဆိပ်များကို ရရှိပေးနိုင်သော အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အနေနဲ့ စီမံချက်များချမှတ်ပြီး နည်းပြအပိုင်း၊ အားကစားသမားအပိုင်း၊ ဒိုင်လူကြီးအပိုင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အားကစားနည်းတစ်ခုနိုင်ငံတကာပြိိုင်ပွဲများမှာအောင်မြင်မှုရရှိဖို့ဆိုတာ ဒိုင်လူကြီးများ၏အလေးသာမှုဟာ အရေးကြီးပါကြောင်း၊ ယခုလိုကြက်တောင်ဥပဒေနှင့်ဒိုင်လူကြီး သင်တန်းဖွင့်လှစ်ရခြင်းသည် ကြက်တောင်အားကစားနည်းထွန်းကားဖို့အတွက် နည်းပြများ၊ မျိုးဆက်သစ်အားကစားသမားများနှင့်ဒိုင်လူကြီးများကို မွေးထုတ်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခုတက်ရောက်လာသော သင်တန်းသား/သူများအနေဖြင့်သင်တန်းမှပို့ချသောစာတွေကလက်တွေ့များ၊ နည်းဥပဒေများ၊ စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျသင်ယူလိုက်နာမှတ်သားစေလိုကြောင်း၊ ဒိုင်လူကြီးများ၏အခန်းကဏ္ဍများသည် ပြိုင်ပွဲတစ်ခုကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ရုံသာမက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သော အားကစားသမားများကိုလည်းမှန်ကန်တိကျသော နည်းစနစ်တွေ၊ နည်းဥပဒေများ၊ နိုင််ငံတကာပြိုင်ပွဲများတွင်မမှားသင့်သော အမှားများမပြုလုပ်မိစေရန်နှင့် အားကစားသမားကောင်းလိုက်နာရမည့်လုပ်ဆောင်ချက်များကိုလည်း သင်ကြားပေးရမည်ဖြစ်သည့်အတွက် ဒိုင်လူကြီးများ၏တာဝန်သည် ကြီးမားလေးလံသည်ကိုလည်းမှတ်သားစေလိုကြောင်း၊ ယခုသင်တန်းမှ တစ်ဆင့် ကြက်တောင်အားကစားနည်းအတွက် ဆုတံဆိပ်များရယူသည့်နေရာတွင် ပါဝင်ပံ့ပိုးပေးနိုင်သည့် ဒိုင်လူကြီးကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း တိုက်တွန််းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းသို့တက်ရောက်လာသော သင်တန်းနည်းပြများနှင့်သင်တန်းသား/ သူများမှ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိ သူများအား တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုကြပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အတွင်းရေမှူးဦးဉာဏ်လွင်မှ သင်တန်းဖွင့် နှုတ်ခွန်းဆက်စကားများနှင့် ယခုသင်တန်းကိုဝန်ကြီးဌာနအသီးသီးမှ ကြက်တောင်အားကစားနည်း စိတ်ပါဝင်စားပြီးအမြောက်အများတက်ရောက်သည့်အတွက် အလွန်ကျေနပ်မိပါကြောင်း ပြောကြားခဲ့ ပါသည်။
အဆိုပါ ကြက်တောင်ဥပဒေနှင့်ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈)တွင် သင်တန်းသား(၂၂)ဦး၊ သင်တန်းသူ(၈)ဦး စုစုပေါင်း (၃ဝ)ဦးတို့ တက်ရောက်သင်ကြားပြီး မေလ(၅)ရက်မှ (၁၄)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
9 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display