Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာဖွင့်ပွဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတက်ရောက် အဖွင့်အမှာစကားပြောကြားသည့်သတင်း
နေပြည်တော်၊ မေ(၁၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် သောလူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ အလားအလာကောင်းမွန်သည့် လူငယ်အားကစား သမားများ မွေးထုတ်စုစည်းပေးနိုင်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉းဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဘိလိယက်ရုံတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌဒေါက်တာမင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
အမြဲတမ်းအတွင်းဝန်
ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ် ဘိလိယက်နှင့်စနူကာကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ နိုင်ငံတော်အတွက် အလားအလာကောင်းမွန်သည့် လူငယ်အားကစား သမားများ မွေးထုတ်စုစည်းပေးနိုင်ရေး၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကိုးအားထားပြုနိုင်သော အားကစားသမား ကောင်းများ ရရှိရေးတို့အတွက် ရည်ရွယ်၍ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဘိလိယက်နှင့် စနူကာအားကစားနည်းသည် အခြားအားကစားနည်းများကဲ့သို့ အရပ်အမောင်းနှင့်ခန္ဓာကိုယ် ဖွဲ့စည်းမှုအဓိကမကျဘဲ စိတ်တည်ငြိမ်မှု အလေ့အကျင့်နှင့် ခံနိုင်ရည်ရှိမှု၊ မိမိကိုယ်မိမိ ယုံယုံကြည်ကြည် ဆုံးဖြတ်တတ်မှုများသည် အခြေခံလိုအပ်ချက်များဖြစ်တာနှင့်အညီ ပင်ကိုယ် ဥာဏ်ရည်၊ဥာဏ်သွေးထက်မြက်သည့် မြန်မာလူမျိုးများနှင့် အလွန်လိုက်ဖက်ညီသည့် အားကစား နည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် အနေနှင့်လည်း ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရွေးချယ်ဖော်ထုတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေနှင့်လည်း ယခုလိုတိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်သော ဘိလိယက်နှင့်စနူကာအားကစားသမားကောင်းများ ဖြစ်အောင်ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူူကာပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
အမြဲတမ်းအတွင်းဝန်
ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး နောက် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာတစ်ဦးချင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၄)သင်း၊ အားကစားသမား စုစုပေါင်း(၁၃၄)ဦးတို့သည် မေလ(၁၆)ရက်နေ့မှ မေလ(၂၁)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊ ဘိလိယက်ရုံတွင်နေ့စဉ် နံနက်(၁ဝးဝဝ)နာရီ အချိန်မှစ၍ ဘိလိယက် တစ်ဦးချင်း/ နှစ်ယောက်တွဲပြိုင်ပွဲ၊ စနူကာတစ်ဦးချင်း/နှစ်ယောက်တွဲပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ဘိလိယက်နှင့်စနူကာ အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display