skip to content
 
နေပြည်တော်၊ သြဂုတ်လ(၂၂)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက် (၈းဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B)၌ ကျင်းပပြုလုပ်ရာ အမျိုးသား အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာ ပဲခူးတိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို(၅၃)မှတ်၊ (၄၃)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို(၈၄)မှတ်၊ (၄၆)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို(၈၄)မှတ်၊ (၅၇)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးအုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို(၇၂)မှတ်၊ (၆၃)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ကယားပြည်နယ်အသင်းကို(၅၃)မှတ်၊ (၃၂)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
ဆက်လက်၍ ညနေပိုင်းပွဲစဉ်များတွင် အမျိုးသမီးပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအသင်း၊ အမျိုးသားပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ကြောင်းသတင်းရရှိပါသည်။
 
အဆိုပါ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘောပြိုင်ပွဲကို (၂၁.၈.၂ဝ၁၈) ရက်နေ့ မှ (၂၇.၈.၂ဝ၁၈)ရက်နေ့အထိ ကျင်းပပြုုလုပ်သွားမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီးအုပ်စု ပတ်လည် ပွဲစဉ်များကို နံနက် (၈)နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng