skip to content
 
နေပြည်တော်၊ ဇန်နဝါရီ(၂၈)ရက်။
 
မြန်မာ့ဘောလုံးလောက ယခုထက်ပိုမို အောင်မြင်မှုများစွာရရှိစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ နေ့လည်(၃)နာရီအချိန်တွင်  ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးဘောလုံးကွင်းများ၌ ကျင်းပရာ ကွင်းအမှတ် (၁)၌ နေပြည်တော်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ(၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း၊ ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီးအသင်း နှင့်  တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ (၄)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ သွားပါသည်။
 
အဆိုပါ ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို (၂၉.၁.၂ဝ၁၈) ရက်နေ့တွင် မွန်ပြည်နယ်အသင်း နှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့သည် နေ့လည်(၃)နာရီအချိန် တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း လေ့ကျင်ရေးကွင်း(၁)နှင့် (၃)တို့ ၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng