skip to content

နေပြည်တော်၊ ဒီဇင်ဘာ (၂၂)ရက်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက် (၇:၃ဝ)နာရီအချိန်မှစ၍ နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ အမျိုးသားပွဲစဉ်များအဖြစ် Lion Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ(မြန်မာ)မှ ယနေ့ရိုက်ချက်(၇၅)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၁၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၃)ချက်ပို၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ Brandon Han Zhen Guang (စင်္ကာပူ)မှ ယနေ့ရိုက်ချက်(၇၃)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၂၂)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၆)ချက်ပို၍ ဒုတိယနေရာမှ လည်းကောင်း၊ Lion Cup အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ယနေ့ရိုက်ချက် (၁၄၉)ချက် (၃)ရက်ပေါင်းရိုက်ချက် (၄၄၅)ချက်ဖြင့် ပထမ နေရာမှ ဦးဆောင်၍လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၄၈)ချက် (၃)ရက်ပေါင်းရိုက်ချက် (၄၄၆)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ Putra Cup တစ်ဦးချင်း ပြိုင်ပွဲတွင် Tanapat Pichaikool (ထိုင်း)မှ ယနေ့ရိုက်ချက် (၆၉)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂ဝ၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၉)ချက်လျော့၍ ပထမနေရာတွင် ဦးဆောင်၍လည်းကောင်း၊ Leon Philip Dsouza(ဟောင်ကောင်)မှ ယနေ့ရိုက်ချက် (၇ဝ)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၁၃)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၃)ချက်လျော့၍ ဒုတိယနေရာမှ လည်းကောင်း၊ Putra Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၂၁ဝ)ချက် (၃)ရက်ပေါင်းရိုက်ချက် (၆၃၃)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ ဖိလစ်ပိုင် အသင်းမှ ယနေ့ရိုက်ချက် (၂၁၅)ချက် (၃)ရက်ပေါင်းရိုက်ချက် (၆၄၈)ချက်ဖြင့် ဒုတိယနေရာမှလည်းကောင်း၊ အမျိုးသမီးပွဲစဉ်များအဖြစ် Santi Cup တစ်ဦးချင်းပြိုင်ပွဲတွင် Bianca Isabel Pagdanganan (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၇ဝ)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂ဝ၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၇)ချက်လျော့၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ Lois Kaye Go(ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၇ဝ)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၁၁)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၅)ချက်လျော့၍ ဒုတိယနေရာမှလည်းကောင်း၊ Santi Cup အသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၄ဝ)ချက် (၃)ရက်ပေါင်း ရိုက်ချက် (၄၂ဝ)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၁)ချက် (၃)ရက်ပေါင်းရိုက်ချက် (၄၃ဝ)ချက်ဖြင့် ဒုတိယနေရာမှလည်းကောင်း၊ Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် သင်းဝေခိုင်(မြန်မာ)မှ ယနေ့ရိုက်ချက် (၇၃)ချက် (၃)ရက်ပေါင်း ရိုက်ချက်(၂၁၆)ချက်ဖြင့် သတ်မှတ်ရိုက်ချက်အတိုင်း ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ Jumpita Chul-Ak-Som (ထိုင်း)မှ ယနေ့ရိုက်ချက် (၇၁)ချက် (၃)ရက်ပေါင်း ရိုက်ချက်(၂၁၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၁)ချက်ပို၍ ဒုတိယနေရာမှလည်းကောင်း၊ Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၈)ချက် (၃)ရက်ပေါင်း ရိုက်ချက်(၄၄၂)ချက်ဖြင့် ပထမနေရာမှဦးဆောင်၍လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၅ဝ)ချက် (၃)ရက်ပေါင်း ရိုက်ချက်(၄၄၉)ချက်ဖြင့် ဒုတိယနေရာမှလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ပြိုင်ပွဲကို (၂ဝ.၁၂.၂ဝ၁၈) ရက်နေ့မှ (၂၃.၁၂.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၇:၃ဝ)အချိန်တွင် နေပြည်တော်မြို့တော် ဂေါက်ကွင်း၌ အသီးသီးယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။


back to top Eng