skip to content
 
ရန်ကုန်၊ ဇွန်လ(၂၈)ရက်။
 
မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ပဏာမ လက်ရွေးစင် အားကစားသမား(၃ဝ) ဦးတို့အား ကိုရီးယားနိုင်ငံသား နည်းပြဆရာ Mr. Youn Byung Sun ၏ အနီးကပ်ကြီးကြပ်၍ ၂ဝ၁၈ ခုနှစ် (၂)လပိုင်းမှ စတင်ကာ ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ် အားကစားကွင်း၌ စခန်းဝင်လေ့ကျင့်လျက်ရှိပြီးUniversity Games၊ Asian Games နှင့် SEA Games ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရေးအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိရာ ၂ဝ၁၈-ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ် အထိမ်းအမှတ် ပဏာမ လက်ရည်စစ် မြားပစ်ပြိုင်ပွဲများကို ဇွန်လ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဇွန်လ (၂၇)ရက်နေ့များတွင် အမျိုးသား/အမျိုးသမီး လူသစ်တန်း Recurve ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အလွတ်တန်း( Recurve နှင့် Compound)  အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများနှင့် ရှုံး/ထွက် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
 
ဆက်လက်ပြီး ဇွန်လ (၂၈)ရက်နေ့ နံနက် (၈)နာရီတွင် အဆိုပါ မြားပစ်ကွင်း၌ အမျိုးသား/အမျိုးသမီး လူသစ်တန်း Recurve ဗိုလ်လုပွဲ၊  Recurve အလွတ်တန်းဗိုလ်လုပွဲ၊   Compound  အလွတ်တန်းဗိုလ်လုပွဲ၊ Compound Mixed Team အလွတ်တန်းနှင့် Recurve Mixed Team  ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့ပြီး ၄င်းပြိုင်ပွဲများ၌  ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများအားTrophy နှင့် ဆုငွေများအပြင် ပြိုင်ပွဲအတွင်း ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ပစ်ခတ်သူဆုများကို မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့် အဖွဲ့ဝင် ဦးဘန်နီတင်အောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတန်း အတွင်းဝန် ဦးကျော်ဦး၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟ၊ တွဲဘက်အတွင်းရေးမှူး ဦးတောက်ထွန်း၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ချုပ် အမှုဆောင်များက တက်ရောက်ကြည့်ရှု အားပေးကြပြီး ဆုရရှိသူများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
 

back to top Eng