skip to content

နေပြည်တော်၊သြဂုတ်လ(၁၄)ရက်။       

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈)နှစ်အောက် (Junior) နှင့် အသက်(၁၅)နှစ်အောက် (Cadet) စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အသက်(၁၅)နှစ် အောက် (Cadet) ပြိုင်ပွဲတွင် အမျိုးသားပွဲစဉ်အဖြစ်ယှဉ်ပြိုင်ရာ တရုတ်အသင်းမှ စင်္ကာပူအသင်းကို (၃:ဝ)ဖြင့် လည်းကောင်း၊ ဟောင်ကောင်အသင်းမှ ကိုရီးယားအသင်းကို (၃:၂)ဖြင့်လည်းကောင်း၊ ဂျပန်အသင်းမှ အိန္ဒိယအသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)အသင်းမှ အီရန် အသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ရာ တရုတ်အသင်းမှ အီရန် အသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)အသင်းမှ စင်္ကာပူအသင်းကို (၃:၂)ဖြင့် လည်းကောင်း၊ ဂျပန်အသင်းမှ အိန္ဒိယအသင်းကို (၃:၁)ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှ ကိုရီးယားအသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊ အသက်(၁၈)နှစ်အောက် (Junior) ပြိုင်ပွဲ အမျိုးသားပွဲစဉ်များအဖြစ် တရုတ်အသင်းမှ ဟောင်ကောင်အသင်းကို(၃:ဝ)ဖြင့်လည်းကောင်း၊ ဂျပန်အသင်းမှ စင်္ကာပူအသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊ အိန္ဒိယအသင်းမှ တရုတ်(တိုင်ပေ) အသင်းကို (၃:၁)ဖြင့်လည်းကောင်း၊ အီရန်အသင်းမှ ကိုရီးယားအသင်းကို(၃:၂)ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာ တရုတ်အသင်းမှ မလေးရှားအသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊ ကိုရီးယားအသင်းမှ ဟောင်ကောင်အသင်းကို (၃:ဝ)ဖြင့်လည်းကောင်း၊  ဟောင်ကောင်အသင်းမှ တရုတ်(တိုင်ပေ)အသင်းကို (၃:၂)ဖြင့် လည်းကောင်း၊ ထိုင်းအသင်းမှ ဂျပန်အသင်းကို (၃:ဝ)ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

သြဂုတ်လ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် နေ့စဉ်နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်း ရရှိပါသည်။


back to top Eng