skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ (၁၈)ရက်။
 
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် (၈:ဝဝ) နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
 
 
ရှေးဦးစွာ ပီတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသား+အမျိုးသမီ းTriples ပီတန်းဆီးမီးဖိုင်နယ်ပြိုင်ပွဲတွင်  ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ လာအိုအသင်း နှင့် ကမေ္ဘာဒီးယားအသင်း ယှဉ်ပြိုင်နေမှုကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများမှ ကြည်ရှု့အားပေးခဲ့ပါသည်။
 
 
 
ပိုက်ကျော်ခြင်းအားကစားရုံတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ထိုင်းအသင်းမှ ပထမ၊ အင်ဒိုနီးရှားအသင်းမှ ဒုတိယနှင့် မြန်မာအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ပြီး အဆိုပါဆုများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ကရာတေးအားကစားရုံတွင် ကရာတေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီးအသင်းလိုက် ကုမိတဲ့ပြိုင်ပွဲတွင်  ထိုင်းအသင်းမှ ပထမ၊ ဗီယက်နမ်အသင်းမှ ဒုတိယ၊ မြန်မာအသင်း နှင့်မလေးရှား အသင်းမှ ပူးတွဲတတိယကိုလည်းကောင်း ရရှိခဲ့ပြီး အဆိုပါဆုများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဗိုဗီနမ်အားကစားရုံတွင် ဗိုဗီနမ်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသားတစ်ကိုယ်တော် ဓါးတစ်လက် အပြပြိုင်ပွဲတွင် အင်ဒိုနီးရှားမှ ပထမ၊ ကျော်သူစိုးအောင် (မြန်မာ)မှ ဒုတိယနှင့် ကမေ္ဘာဒီးယားမှ တတိယကိုလည်းကောင်း၊ အမျိုးသား(၅၄)ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ကမေ္ဘာဒီးယားမှ ပထမနှင့် ဝိုင်းချစ်(မြန်မာ)မှ ဒုတိယကိုလည်းကောင်း၊ အမျိုးသား+အမျိုးသမီးအသင်းလိုက် လေးယောက် တွဲပြိုင်ပွဲတွင် လာအိုမှ ပထမ၊ ကမေ္ဘာဒီးယားမှ ဒုတိယနှင့် မြန်မာမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး နှစ်ယောက်တွဲအတိုက် အပြပြိုင်ပွဲတွင် ဗီယက်နမ်မှ ပထမ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ပူးတွဲ ဒုတိယ၊ မြန်မာမှ တတိယ ကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး အဆိုပါဆုများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
စစ်တုရင်အားကစားရုံတွင် စစ်တုရင်ပြိုင်ပွဲများကိုယှဉ်ပြိုင်ရာ  အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် မလေးရှားအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယနှင့် အင်ဒိုနီးရှားအသင်းမှ တတိယကိုရရှိခဲ့ပြီး အဆိုပါဆုများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍  ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲအဖြစ် မလေးရှားအသင်းနှင့် လာအိုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉ဝ)တွင် သရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် မလေးရှားအသင်းမှ လာအိုအသင်းကို(၅)ဂိုး(၃)ဂိုးဖြင့် လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဗိုလ်လုပွဲအဖြစ် ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ရာ ထိုင်းအသင်းမှ မြန်မာအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ပါသည်။
 
 
ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ တတိယဆုရရှိခဲ့သော မလေးရှားအသင်းအား နေပြည်တောင်ကောင်စီဝင် ဦးတင်ထွန်းမှလည်းကောင်း၊ ဒုတိယဆု ရရှိခဲ့သောမြန်မာအသင်းအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ ပထမဆု  ရရှိခဲ့သော ထိုင်းအသင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၂၄)ခု၊ ငွေတံဆိပ်(၂၆)ခု၊ ကြေးတံဆိပ်(၂၉)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
 

back to top Eng