skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ (၁၁)ရက်။
 
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ အရှေ့တောင်အာရှ တက္ကသိုလ်များ ပြိုင်ပွဲအားကစားကောင်စီ (AUSC)  အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif၊ လာအိုနိုင်ငံမှ Associate Professor Dr.Khamphay Sisavanh(Deputy Minister of Education)၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
 
 
 
ပထမဦးစွာ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစား ပြိုင်ပွဲများတွင် အမျိုးသမီး(၄၈)ကီလိုတန်းဆန်းဆိုအတိုက်ပြိုင်ပွဲ၌ Rosalina Simanjuntak (အင်ဒိုနီးရှား)မှ ပထမ၊ Siriluk Kawcha(ထိုင်း)မှ ဒုတိယ၊ ဆောင်းနှင်းထက် (မြန်မာ)မှတတိယကို လည်းကောင်း၊ အမျိုးသမီး(၅၂)ကီလိုတန်းဆန်းဆိုအတိုက် ပြိုင်ပွဲတွင် နီနီအေး(မြန်မာ)မှ ပထမ၊ အမျိုးသမီး(၅၆)ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် နန်းချယ်ရီခမ်း(မြန်မာ)မှ ပထမ၊ အမျိုးသား(၆ဝ)ကီလိုတန်း ဆန်းဆိုအတိုက် ပြိုင်ပွဲတွင် Noukhit Latsaphao (လာအို)မှ ပထမ၊ Thakdanai  (ထိုင်း)မှ  ဒုတိယ၊ ဟိန်းသီရိ (မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(၆၅)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Charywat Khunphet(ထိုင်း)မှ ပထမ၊ Laty Inthavong(လာအို)မှ ဒုတိယ၊ အောင်ကောင်းမြတ်(မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(၇ဝ)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Kittisak Suksanguan (ထိုင်း)မှ ပထမ၊Kalanh Khotsombath(လာအို)မှ ဒုတိယ၊ ငြိမ်းငြိမ်းထွန်း(မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Nandao+Nangun ပြိုင်ပွဲမှTan Cheong Min(မလေးရှား)မှ ပထမ၊ အေးသစ္စာမြင့်(မြန်မာ)မှ ဒုတိယ၊ Ganyawee Polsuwan(ထိုင်း)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Daoshy+Gunshu ပြိုင်ပွဲမှ Loh Ying Ting(မလေးရှား)မှ ပထမ၊ ခိုင်ဇင်သက်(မြန်မာ)မှ ဒုတိယ၊ Monica Pransisca Sugianto (အင်ဒိုနီးရှား)မှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အမျိုးသမီးထောက်လုJianshu (၂)ရက်ပေါင်း ပြိုင်ပွဲတွင် စန္ဒီဦး (မြန်မာ)မှ ရမှတ် ၉.၆၁တို့ဖြင့်  ပထမရက်တွင် ဦးဆောင်နေပါသည်။
 
 
 
ဆက်လက်၍နေ့လည်ပိုင်းတွင်  ခြင်းလုံးအားကစားရုံတွင် ကျင်းပသော ရိုးရာခြင်းလုံးပြိုင်ပွဲ Event(4) ပြိုင်ပွဲ ပွဲစဉ်များကို  အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေး၊ လာအို အသင်း  (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာရမှတ် (၁၅ဝ)မှတ်ဖြင့် မြန်မာအသင်းမှ ပထမ၊ ရမှတ်(၁၂၄) မှတ် ဖြင့် လာအိုအသင်းမှ ဒုတိယ၊ ရမှတ် (၇၈)မှတ်ဖြင့် ထိုင်းအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ လာအိုနိုင်ငံမှ Associate Professor Dr.Khamphay Sisavanh(Deputy Minister of Education) နှင့် တာဝန်ရှိသူများမှ ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ 
 
 
 
နေ့လည်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဘော်လီဘော အားကစားပြိုင်ပွဲဖြစ်သော အမျိုးသား ဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှု အားပေးကြရာ  အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းမှ စင်ကာပူအသင်းကို ရမှတ်(၂၅-၁၃) (၂၅-၁၄) (၂၅-၁၁) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
 
 
ညနေပိုင်းတွင် ရေကူးပြိုင်ပွဲများပွဲစဉ်များ အဖြစ် မီတာ(၄ဝဝ)ကျား/မ အလွတ်တန်း၊ မီတာ(၂ဝဝ)ကျား/မပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ) ကျား/မလိပ်ပြာကူးပြိုင်ပွဲများကို  ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အရှေ့တောင်အာရှ တက္ကသိုလ်များ ပြိုင်ပွဲအားကစားကောင်စီ (AUSC) အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif နှင့် တာဝန်ရှိသူများမှ  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ဆက်လက်၍ တင်းနစ်ပြိုင်ပွဲ နှင့် ကြက်တောင်ပြိုင်ပွဲကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်မိဘပြည်သူများမှ ကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေး(၅)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။

back to top Eng