skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ (၁၅)ရက်။
 
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၇းဝဝ) နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
 
 
ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသမီးမီတာ(၅ဝဝဝ) အပြေးပြိုင်ပွဲတွင် Pham Thi HUE (ဗီယက်နမ်)မှ ပထမ၊ ယဉ်ငြိမ်းအေး(မြန်မာ)မှ ဒုတိယ၊ ဠနညနျျေ ူနန ့ငညါ ( စင်ကာပူ)မှ တတိယ ရရှိခဲ့ပါသည်။
 
မြို့တော်ဂေါက်ကွင်းတွင် အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် (၃)ရက်ပေါင်း ရိုက်ချက် (၂၂ဝ)ဖြင့်ဧကရီဝင်းထွန်း(မြန်မာ)နှင့် KOTCHAKORN JITTA SIRI (ထိုင်း)တို့မှ အဆင့်(၁)နေရာတွင် ပူးတွဲရပ်တည်နေ၍ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် လှိုင်မင်းထက်(မြန်မာ)မှ ရိုက်ချက်(၂၁၅)ဖြင့် အဆင့်(၂)နေရာတွင်လည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲများတွင် မြန်မာမှ တတိယနေရာဖြင့် ဆက်လက်ယှဉ်ပြိုင်လျက်ရှိပါသည်။
 
 
 
ငလိုက်ဆည်တွင် လှေလှော်ပြိုင်ပွဲကျင်းပရာ အပြည်ပြည်ဆိုင်ရာလှေအမျိုးသား (၄)တက်လှော် မီတာ၁ဝဝဝ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းမှ ပထမ၊ ထိုင်းအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီး (၈)တက်လှော် ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ(၁ဝဝဝ)၁ဝတက်လှော်ရိုးရာလှေပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယ၊ စင်ကာပူအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ဆက်လက်၍ မြားပစ်ပြိုင်ပွဲ၊ ဘက်စကတ််ဘောပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ များကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက် ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရပါသည်။
 
ပီတန်းအားကစားကွင်းတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း Shooting  ပြိုင်ပွဲများ ယှဉ်ပြိုင်ရာ အမျိုးသမီး တစ်ဦးချင်း Shooting   ပြိုင်ပွဲတွင် မြန်မာမှ ယဉ်ယဉ်ဝင်းရှိန်က မလေးရှားအားကစားသမားကို (၃၅)မှတ်(၂၇)မှတ်ဖြင့် ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်ပွဲသို့ တက်ရောက်၍ ဆက်လက်ယှဉ်ပြိုင်ရာ လာအိုမှ မြန်မာကို (၃၄)မှတ်(၁၆)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ Bouilak Thepphakan(လာအို)၊ ဒုတိယ ယဉ်ယဉ်ဝင်းရှိန်( မြန်မာ)၊ တတိယ Sunitra Phaualgyoo  (ထိုင်း)တို့အား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။ 
 
 
 
ပိုက်ကျော်ခြင်းအားကစားရုံတွင် အမျိုးသား(၂)ယောက်တွဲ(Regu) ပြိုင်ပွဲကို ယှဉ်ပြိုင်ရာ မြန်မာအသင်းမှ လာအိုအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ မြန်မာအသင်း၊ ဒုတိယ လာအိုအသင်း၊ တတိယ ထိုင်းအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ယနေ့ညနေပိုင်းအထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ်(၁၄)ခု၊ ကြေးတံဆိပ်(၁၆)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
 

back to top Eng