skip to content

နေပြည်တော် ၊ မေလ(၁၂) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ ကြက်တောင်အားကစားနည်းကို ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပြီး အမျိုးသား ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ ကရင် ပြည်နယ်အသင်းအား (၃-ဝ) ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၃-၁) ဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၃-ဝ)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် စစ်တိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား (၃-ဝ)ဖြင့်လည်းကောင်း၊ အမျိုးသမီး ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၃-ဝ)ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းအား(၃-၂) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ကယားပြည်နယ်အသင်းအား (၃-၁)ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ တနသင်ာ္ရီတိုင်းဒေသကြီးအသင်းအား (၃-ဝ)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိ ပါသည်။

ဆက်လက်၍ ညနေပိုင်း ဆီးမီးဖိုင်နယ်ပွဲစဉ်များအဖြစ် အမျိုးသား (တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက် တွဲပြိုင်ပွဲ)များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ အမျိုးသမီး (တစ်ဦးချင်း ပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ) ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည်လည်းကောင်း ညနေ(၄)နာရီအချိန်မှစ၍ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဟု သိရှိရပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို (၁၃.၅.၂ဝ၁၉) ရက်နေ့ နံနက်(၉:ဝဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ကြက်တောင် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 


back to top Eng