skip to content
 
နေပြည်တော်၊ ဇူလိုင်(၂)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်မှစတင်၍ နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အမျိုးသားလွှတ်တော်၊ ကျန်းမားရေး၊အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ 
 
 
 
ဆက်လက်၍ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အမျိုးသမီး(-၄၈)ကီလို တန်းပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ ပြည့်စုံအောင်(မကွေး)မှ မြတ်ပန်းနွယ် (ကချင်)အားလည်းကောင်း၊ အမျိုးသား(-၅၅)ကီလိုတန်းပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ ထိုက်ထိုက်ကျော်(ကချင်)မှ ဇင်ကို(ရန်ကုန်)အားလည်းကောင်း၊ အမျိုးသား(-၁ဝဝ)ကီလိုတန်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြရာ ထွန်းလင်းအောင်(ရခိုင်)မှ မျိုးထွေးဦး(ရန်ကုန်)အားလည်းကောင်း အသီးသီးအနိုင်ရရှိသွားကြသည်။
 
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုဆက်လက် ကျင်းပပြုလုပ်ရာ အမျိုးသမီး(-၇ဝ)ကီလိုတန်းပြိုင် ပွဲတွင် ပထမဆုရရှိသော အေးသန္တာစိုး(ရှမ်း)၊ ဒုတိယဆုရရှိသော ရွှန်းလဲ့ဝေ(ကယား)၊ ပူးတွဲတတိယဆုရရှိသော ဆွေဆွေဆက်(ရန်ကုန်)နှင့် သောင်းဦးဝေ(မကွေး)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမားရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမိုင်းအုဏ်းခိုင်မှ လည်းကောင်း၊အမျိုးသမီး(-၇၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော နန်းဝါဝါမင်း(ရှမ်း)၊ ဒုတိယဆုရရှိသော ပိုးအိစံ(မွန်)၊ ပူးတွဲတတိယ ဆုရရှိသော စံပယ်ဖြိုး(မန္တလေး)နှင့် နန်းနွယ်နွယ်ခမ်း(ချင်း)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမားရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝင်းဇော်မှလည်းကောင်း၊ အမျိုးသမီး (-၄၈)ကီလို တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည့်စုံအောင်(မကွေး)၊ ဒုတိယဆုရရှိသော မြတ်ပန်းနွယ်(ကချင်)၊ ပူးတွဲ တတိယဆုရရှိသော ခင်ဖြိုးသွယ်(မန္တလေး)နှင့် မေဇင်သင်း(မွန်) တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမန်းထွန်းကြိုင်မှလည်းကောင်း၊
 
ဆက်လက်၍ အမျိုးသား(-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရှိသော ထိုက်ထိုက်အောင်(ကချင်)၊ ဒုတိယဆုရရှိသော ဇင်ကို(ရန်ကုန်)၊ ပူးတွဲတတိယဆုရရှိသော တမ်ထန်(ချင်း)နှင့် ဒေါင်ခေါင်(ရှမ်း)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မှလည်းကောင်း၊ အမျိုးသား(-၁ဝဝ)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ထွန်းလင်းအောင်(ရခိုင်)၊ ဒုတိယဆုရရှိသော မျိုးထွေးဦး(ရန်ကုန်)၊ ပူးတွဲတတိယဆု ရရှိသော ဇာနည်အောင်(တနင်္သာရီ)နှင့် ဗေဇေလ(ကချင်)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်မှလည်းကောင်း၊
 
ဆက်လက်၍ (-၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသားအကောင်းဆုံးဆုရရှိသွားသော ပြည့်ဖြိုးအောင်(တနင်္သာရီ)၊ (-၅၂)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသမီးအကောင်းဆုံးဆုရရှိသွားသော အိအိဝင်း(မန္တလေး)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းမှလည်းကောင်း၊
 
ဆက်လက်၍ ရွှေ(၂)ခု၊ ငွေ(၃)ခုဖြင့် အမျိုးသားတံခွန်စိုက် ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြချုပ် မစ္စတာအိုရှီးမားနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) နည်းပြချုပ် မစ္စတာဟီရသတို့အား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
 
 
ဆက်လက်၍ ရွှေ(၃)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရှမ်းပြည်နယ်အသင်း၊ ရွှေ(၅)ခု၊ ကြေး(၄)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကာ ဆုပေးပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

back to top Eng