နေပြည်တော် ၊ မေလ(၇) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှစတင်ပြီး အပြည်ပြည်ဆိုင်ရာအလွတ်တန်းပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို နေ့လယ်(၂)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မျာ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင် ဒေါက်တာကျော်ဝင်းသန်းနှင့် ဦးစိုင်းဝမ်းလှိုင်းခမ်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသေ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ယနေ့နောက်ဆုံးပွဲစဉ်များအဖြစ် အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုကို မင်းကိုကို(ပဲခူး)မှလည်းကောင်း၊ ဒုတိယဆုကို ထွန်းထွန်းသန်း(ရန်ကုန်)မှလည်းကောင်း၊ တတိယဆုကို မျိုးဆွေ(ကချင်)မှလည်းကောင်း အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှ လည်းကောင်း၊ တတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီးဆွတ်ခူးရရှိ ခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုကို နေလင်းထွန်း(မန္တလေး)မှလည်းကောင်း၊ ဒုတိယဆုကို ထက်ဇော်ဖုန်း(ရန်ကုန်)မှလည်းကောင်း၊ တတိယဆုကို ချစ်ကိုနိုင်(မကွေး)မှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ တတိယဆုကို တနင်္သာရီတိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။
အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုကို အိသကြင်္န်(ဧရာဝတီ)မှလည်းကောင်း၊ ဒုတိယဆုကို အိခြိမ့်ခြိမ့်(ရှမ်း)မှလည်းကောင်း၊ တတိယဆုကို ဆုလဲ့နန္ဒာ(မန္တလေး)မှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ တတိယဆုကို ရှမ်းပြည်နယ်အသင်းမှလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး မြန်မာ့ရိုးရာစစ်တုရင် အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုကို မောင်မောင်လတ်(ရန်ကုန်)မှလည်းကောင်း၊ ဒုတိယဆုကို နေဦးကျော်ထွန်း(မန္တလေး)မှလည်းကောင်း၊ တတိယဆုကို အုန်းကျော်(ဧရာဝတီ)မှလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင် အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ တတိယဆုကို စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားကြောင်းသိရှိရပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ လူငယ်(အမျိုးသား)တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင် ဒေါက်တာကျော်သန်းထွန်းမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းအသင်းလိုက် ပြိုင်ပွဲတွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးစိုင်းဝမ်းလှိုင်းခမ်းမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဇော်မင်းမှလည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ စစ်တုရင်လူငယ်အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ မြန်မာ့ရိုးရာစစ်တုရင် အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ မြန်မာ့ရိုးရာစစ်တုရင်အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိိကြသူများ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ ချီးမြှင့်သော Chess Club of the year(2018)ဆုရရှိသော SHWE BAGAN Chess Club ၊ Player of the year(2018)ဆုရရှိသော IM WYNN ZAW HTUN၊Developer of the year(2018) ဆုရရှိသော U Min Lwin Oo(Mon State)? Organizer of the year(2018) ဆုရရှိသော U San Hlaing (Rakhine State)၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် အပြည်ပြည်ဆိုင်ရာ လူငယ်အသင်းလိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌဦးမောင်မောင်လွင်မှလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင် အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ စွယ်စုံတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။