skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၁၅)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃ဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင်ကြရာ (၃)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအား (၆)ဂိုး၊ (၅)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ (၁)ဂိုးစီသရေဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

(၁၆.၁.၂ဝ၁၉)ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း တို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်း တို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါ ဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါ ကြောင်းသိရှိရပါသည်။

 

 


back to top Eng