skip to content

နေပြည်တော်၊ ဧပြီလ(၁)ရက်။      

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ(အမျိုးသမီး) ဆီမီးဖိုင်နယ်ပွဲကို ယနေ့နံနက် (၇:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းအား (၂)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ ညနေ (၄:၀၀)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းအား (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။

  

(၂.၄.၂ဝ၁၉)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၃.၄.၂ဝ၁၉) ရက်နေ့နံနက် (၇:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တတိယလုပွဲအဖြစ် မွန်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၄) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဗိုလ်လုပွဲအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

အဆိုပါ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်  ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်နေမှုနှင့်  ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနား ကျင်းပနေမှုများကို (၃.၄.၂ဝ၁၉) ရက်နေ့ ညနေ (၄)နာရီ အချိန်မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ရုပ်/သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


back to top Eng